News

POST TYPE

LATEST NEWS POST

တပ်မတော်အနေဖြင့် တရားစွဲဆိုထားသည့်အပေါ် ပြန်လည်စဉ်းစားပေးရန် ကာယကံရှင်များတောင်းဆို
25-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၅

တပ်မတော်၏ ဂုဏ်သိက္ခာညိုးနွမ်းစေရန်ဟောပြောသည်ဟုဆိုကာ တရားစွဲဆိုခံရသော ရှေ့နေဦးကြီးမြင့်နှင့် ဦးစောဝေတို့က တပ်မတော်အနေဖြင့် တရားစွဲဆိုသည့်အပေါ် ပြန်လည်စဉ်းစားပေးရန် ကာယကံရှင်များက တောင်းဆိုလိုက်သည်။

အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၅ရက်နေ့ကျောက်တံတားမြို့နယ်၊ အိုလံပစ်တာဝါတွင် အဆိုပါသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကာ အာမခံရရှိနိုင်ခြင်းမရှိဘဲ ထောင်ဒဏ်နှစ်နှစ်ထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲဆိုထားသည့်အပေါ် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ၊ ကျွန်တော်တို့က ခြေဥပြင်ဆင်ရေးကိုပြောတယ်။ ဒီတရားဆွဲတဲ့ပုဒ်မကအလွန်ပြင်းတဲ့ပုဒ်မ။၂၀၂၀ရွေးကောက်ပွဲမှာ ကျွန်တော်တို့အသံတွေတိတ်အောင်လို့ လုပ်တယ်လို့ စွပ်စွဲပါတယ်။ကျွန်တော်လို အသက် ၇၅နှစ်ရှိပြီ။ရှေ့နေတစ်ယောက်ဖြစ်သည့်အတွက် တပ်မတော်အနေနဲ့ ပြန်စဉ်းစားသင့်တယ် ဟုဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ကစုံစမ်းခြင်းမရှိဘဲ တရားရုံးမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်သည့်အပေါ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ ဖြင့် စစ်ဆေးပေးရန် ကာယကံရှင်းများက စာပေပို့လျှောက်ထားသည်။

ကိုစောဝေက ၊ကျွန်တော်တို့ကိုလာရောက်အကြောင်းကြားခြင်းလည်းမရှိဘူး။အကြောင်းကြားခြင်းမရှိဘဲနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့သွားရောက်ဖြေရှင်းမှာပါ ဟုဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ၊ ကိုစောဝေတို့သည် ကော့သောင်းမြို့နယ်တရားရုံးသို့ ဖေဖော်ဝါရီ ၃ရက်နေ့တွင်သွားရောက်ပြီး ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်သည်။

၂၀၁၉ခုနှစ် ဧပြီလတွင် တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်တွင် ၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ဦး ကော်မတီထောက်ခံပွဲကို မြို့မိမြို့ဖများ၏ ဖိတ်ကြားမှုဖြင့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ ကဗျာဆရာ ကိုစောဝေတို့ကို သွားရောက်ဟောပြောခဲ့သည်။

ဟောပြောချက်တွင် တပ်မတော်ကို ထိခိုက်စေသည်ဟုဆိုကာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် နှင့် ကဗျာဆရာ စောဝေတို့ကို တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးဇော်ဇော်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ကော့သောင်းမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နှင်းနုဝင်း