News

POST TYPE

LATEST NEWS POST

ပဲခူးတွင် စာသင်ရက်တိုးမြင့်ခြင်းကို ကန့်ကွက်သည့် လက်မှတ် ၉၀ဝ နီးပါးရရှိ
25-Jan-2020


တောင်ငူ၊ဇန်နဝါရီ၂၅

အခြေခံပညာကျောင်းများအား မတ်လနှောင်းပိုင်းအထိ စာသင်ရက်တိုးမြင့်ခဲ့သည့် အပေါ်ကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ပဲခူးမြို့တွင် နှစ်ရက်တိုင်ကျင်းပခဲ့ရာ ကန့်ကွက်သည့်လက်မှတ်ပေါင်း ၉၀ဝ နီးပါးရရှိခဲ့သည်ဟု ဦးဆောင်သူများကပြောကြားသည်။

အဆိုပါ ကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ၂၃ ရက်နေ့ ညနေ ၃နာရီမှ ၇ နာရီ ၊ ဇန်နဝါရီ၂၄ ရက်နေ့ ညနေ ၃ နာရီမှ ၇ နာရီအထိပဲခူးမြို့နယ်ဗိုလ်ချုပ်ကြေးရုပ်တုရင်ပြင်တွင် နှစ်ရက်တိုင်ကျင်းပခဲ့ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများထံမှသိရသည်။

“ရရှိလာတဲ့ လက်မှတ်တွေကို ရန်ကုန်မှာရှိတဲ့ အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂအဖွဲ့ဆီ ပေးပို့သွားမှာဖြစ်ပါတယ် ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးလှိုင်မျိုးဝင်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက အခြေခံပညာအဆင့် စာသင်ရက်များတိုးမြင့်ခဲ့ခြင်းသည် ကျောင်းသားမိဘနှင့် ဆရာဆရာမများကို ထိခိုက်စေသည်ဟုဆိုသော်လည်း ဆရာ ဆရာမများထိခိုက်နစ်နာမှုကိုကန့်ကွက်ခြင်းမဟုတ်ကြောင်း ၊နွေရာသီပူပြင်းချိန်မပြည့်စုံသည့် စာသင်ခန်းများတွင် ကလေးငယ်များ စာသင်ရမည်ကို ကန့်ကွက်နေခြင်းသာဖြစ်သည်ဟု ဦးဆောင်သူ ၊အငြိမ်းစားဆရာဟောင်းဦးခင်မောင်ရည်က ပြောကြားသည်။

ယခုကဲ့သို့ ကန်ပိမ်းတစ်ခု ပြုလုပ်ပြီးကန့်ကွက်ရခြင်းသည် ဆရာ ၊ဆရာမများ မတ်လကုန်ထိ ကျောင်းတတ်ရခြင်းကို ငြင်းပယ်နေခြင်း မဟုတ်ဘဲပူပြင်းလှသည့်နွေရာသီမှာ မူလတန်းကျောင်းသား ကလေးငယ်များ ပင်ပန်းနွမ်းနယ်မှုနှင့် အခြားမဖွံဖြိုးသေးသောဒေသများတွင် ရေရှားပါးဒေသများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်လာခြင်းကြောင့်သာဖြစ်သည်ဟု ကန့်ကွက်သူအချို့ကဆိုသည်။

ပညာရေးဝန်ကြီးဌာနက နွေရာသီကာလ စာသင်ရက်များတိုးမြင့်ခဲ့ခြင်းကိုယခုလ ၆ ရက်ကစတင်ကာ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများကစတင်ပြီး ဖဲကြိုးစိမ်း ကန်ပိမ်းစတင်ပြုလုပ်ခဲ့ကြပြီး တောင်ငူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဇန်နဝါရီ ၉ ရက်နေ့က ဖဲကြိုးစိမ်းကန်ပိမ်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။

R-15
ဓာတ်ပုံ-ကိုမျိုး(ပဲခူး)