News

POST TYPE

LATEST NEWS POST

မျိုးဆက်သစ် Express ကား ချောက်ထဲထိုးကျ လေးဦး သေဆုံး
20-Jan-2020


ရန်ကုန်၊ဇန်နဝါရီ၊၂၀ 

ရန်ကုန်မှကျောက်ဖြူသို့ မောင်းနှင်လာသော မျိုးဆက်သစ် Express ကားသည် ဇန်နဝါရီ ၂၀ရက် မနက်လေးနာရီခန့်က ရမ်းဗြဲမြို့ ကုလားပုန်းမြိုချိန်ကျေးရွာအနီးတွင် ချောက်ထဲထိုးကျခဲ့သည့်အတွက် လေးဦးသေဆုံးကာ ကျန်ခရီးသည်များဒဏ်ရာရရှိခဲ့ကြောင်း မျိုးဆက်သစ်ယာဉ်လိုင်းမှ ဂိတ်မှုးဦးခင်မောင်လွင်က ပြောကြားသည်။

 “လက်တလော ခရီးသည် လေးဦးသေတယ်။ဒဏ်ရာရရှိတဲ့သူတော့ အတိအကျမသိသေးဘူး” ဟု ၄င်းက ဆိုသည်။ ယင်းယာဉ်တိမ်းမှောက်မှုကြောင့် ကလေးငယ်နှစ်ဦး၊အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကျန်ခရီးသည်များ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအခြေအနေတွင် ဒဏ်ရာရရှိသူများကို ကျောက်ဖြူမြို့နယ်ပြည်သူဆေးရုံ၌ဆေး ကုသမှုခံယူနေကြောင်း ၎င်းက ရှင်းပြသည်။

 မျိုးဆက်သစ် Express ကားမှာ နံနက်လေးနာရီခန့် အချိန်တွင် ရမ်းဗြဲမြို့ ပန္ဒဲတောင်အဆင်းတွင် ချောက်ထဲထိုးကျခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူမှာ လက်တလော လေးဦးဟုသိရှိထားသော်လည်း ကားကိုဆွဲတင်ပြီးမှသာ သေဆုံးသူအရေအတွက်အတိအကျကို သိနိူင်မည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်တွင် နေထိုင်သူကိုထွန်းနိူင်က ဆိုသည်။ 

မျိုးဆက်သစ် Express ယာဉ်လိုင်းသည် ရန်ကုန် - ကျောက်ဖြူလမ်းကြော်းကို ပြေးဆွဲနေသည်မှာ သုံးနှစ်ခန့် ရှိခဲ့ပြီဖြစ်ကာ ယခုယာဉ်တိမ်းမှောက်မှုမှာ ပထမဆုံးအကြိမ်မတော်တဆဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောကြားသည်။

အေးချမ်းသူ