News

POST TYPE

LATEST NEWS POST

လိူင်သာယာမြို့နယ် KTV မီးလောင်မူကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
20-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၀

လိူင်သာယာမြို့နယ်၊ Grand Star KTV တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်မူဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသဆုံးခဲ့ကြောင်း လိူင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လိူင်သာယာမြို့နယ်၊ စက်မှုဇုန်(၂) ဈေးလမ်း၊ ရှော့ဟောက်ဈေးဆိုင်တန်းရှိ Grand Star KTV ဇန်နဝါရီ ၁၉ ရက်  ည ၇ နာရီ ၂၇ မိနစ်အချိန်တွင် မီးလောင်နေကြောင်း သတင်းရရှိသည့်အတွက် အခင်းဖြစ်နေရာသို့ လိူင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ငြိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ ရပ်ကွက်နေပြည်သူ (၁၀၀)ဦးတို့ဖြင့်မီးအားဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာည၇နာရီ၄၀မိနစ်အချိန်တွင်မီးအားငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

လိူင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးစိုးသူက “မီးလောင်တဲ့အခန်းကပ်လျှက်အခန်းမှာရှိတာ။ မီးခိုးငွေ့တွေက အခန်းထဲဝင်ရောက်ပြီး အသတ်ရှုကြပ်သေတာပေါ့။ ဒဏ်ရာရရှိသူကတော့မရှိပါဘူး” ဟု ပြောသည်။

ယင်း KTV မီးလောင်မှုမှာ အခန်းအတွင်း သွယ်တန်းထားသည့် ဝါယာကြိုးများ ပူးကပ်နေပြီး သွယ်တန်းထားပုံ နည်းစနစ်မကျခြင်းတို့ကြောင့် ဝါယာကြိုးများအပူဒဏ်မခံနိုင်ဘဲ မီးဖွားထွက်ပြီး မီးလောင်ရခြင်းဖြစ်ကြောင်း ၎င်းရှင်းပြသည်။

ယင်းမီးလောင်မှုမှာ အောက်ထပ်အခန်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးခိုးများသည် ဘေးကပ်လျှက်အခန်းသို့ဝင်ရောက်လာကာ မအေးမြသန္တာ (ခ) သံစဉ် အသက် (၂၄) နှစ် အသက်ရှုကြပ်သေဆုံးခဲ့သည့်အတွက် ရုပ်အလောင်းကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ထားသည်။

အဆိုပါ KTV တွင် တာဝန်ယူဆောင်ရွက်နေသည့် မန်နေဂျာကို လှိုင်သာယာမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ /၃၀၄-(က) ဖြင့် အမှုဖြင့်ထားသည်။

နှင်းနုဝင်း