News

POST TYPE

LATEST NEWS POST

ရတနာပုံ Sky Wall အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်မည်
19-Jan-2020


မန္တလေး ဇန်နဝါရီ ၁၉

မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် ရတနာပုံ Sky Wall အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားသည်။

“ဒီစျေးကြီး အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးက စျေးသူ၊ စျေးသားတွေရဲ့ ဘဝဖြစ်တယ်။ ဒါကြောင့် အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ဆောင်ရွက်သွားမယ်။ မီးဘေးဒဏ်ကြောင့် အဆောက်အဦရဲ့ ကြံ့ခိုင်ရေး ကျဆင်းမသွားအောင် သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့တွေ အခုပဲလိုအပ်တာတွေ စတင်လုပ်ဆောင်နေပါတယ်။ ဆိုင်ခန်းရှင်တွေရဲ့ပစ္စည်းတွေ မပျောက်အောင်လည်း လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"မီးလောင်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းရေး ကော်မတီဖွဲ့စည်းကာ အရေးကြီးတဲ့ပစ္စည်းတွေ သယ်ယူနိုင်အောင် ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအနေနဲ့ကလည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီး တစ်ညလုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒီအဆောက်အဦကြီးကို အားလုံးရှင်းလင်းပြီးတဲ့အထိ ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

ပတ်ဝန်းကျင်သက်သေများအရ ( ) အထည်ဆိုင်မှ မန်နေဂျာဖြစ်သူကို မန္တလေးမြို့ ချမ်းအေးသာစံမြို့မစခန်းတွင် (ပ) အမှတ် (ပုဒ်မ (ပ) ၂/၂၀ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ကဥ္ဇဏမဟီရပ်ကွက်၊ ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ RC (၆) ထပ် အဆောက်အဦးဖြစ်သည့် Mandalay Yatanar Mall၊ Sky Walk ပထမအလွှာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ (၆) နာရီအချိန်မှ စတင်ကာ မီးလောင်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် (၅) နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

M-01