News

POST TYPE

LATEST NEWS POST

ကျောက်မဲမြို့ရှိဆန်ဆိုင်ကို ဗုံးအတုနဲ့ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၁၀၀ တောင်းခံ
14-Jan-2020


လားရှိုး၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို အမှတ် (၆) ရပ်ကွက်ရှိ ဆန်ဆိုင်အနီး တွင် ဇန်နဝါ ရီ ၁၄ ရက်နေ့ ယနေ့ နံနက် ၆ နာရီ ခန့်က ဗုံးအတုဖြင့် ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၁၀၀ တောင်းခံမှုဖြစ်ပွားခဲ့ကြောင်း ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဗုံးအတုပါ မပေါက်ကွဲနိုင်ပါဘူး စာထဲမှာတော့ ငွေသိန်း ၁၀၀ လာပေးဖို့ ခြိမ်းခြောက်ရေးထားတယ် ဗုံးအတုကို ဆိုင်ရှေ့မှာ ဝါယာကြိုးတွေနဲ့ချည်ထားပြီး စာတစောင်ကို ပန်းအိုးထဲထည့်ထားခဲ့တာဟု ကျောက်မဲမြို့မရဲစခန်း အရာရှိတစ်ဦးကပြောသည်။

အဆိုပါဗုံးအတုကို လက်ကိုင်ဖုန်း ဓာတ်ခဲ (၉)ခု ၊ Power Bank တစ်ခု၊ ဆားကစ်ပြားများဖြင့်ချည်နှောင်ထားပြီး စက္ကူဂျပ်ဖာတခုအတွင်းထည့်ကာ ဝါယာကြိုးဖြင့် ဆက်သွယ်ထားသည်ကိုတွေ့ရပြီး ခြိမ်းခြောက်ငွေတောင်းခံထားသော စာတွင် ငွေကျပ်သိန်း ၁၀၀ ကို ချိန်းဆိုထားသည့် နေရာကို လာပိုရန်နှင့် နောက်ထပ် မည်သည်အဖွဲ့အစည်းက ထပ်မတောင်းရန် တာဝန်ယူမည်ဟုရေးသားထားပြီး မည်သည့်အဖွဲ့အစည်းတဆိပ်မျှ ရိုက်ထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါသည်။

ကျောက်မဲမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းများက အခွန်ငွေကောက်ခံမှုများရှိခဲ့ရာ လက်နက်ကိုင်အဖွဲ့အစည်းမှ မဟုတ်ဘဲ ဗုံးအတုဖြင့် ခြိမ်းခြောက်ငွေတောင်းသူတစ်ဦးကို ၂၀၁၉ ခုနစ်အတွင်းက ဖမ်းဆီရမိခဲ့သည်။

မမ(လားရှိုး)