News

POST TYPE

LATEST NEWS POST

မတူပီမြို့နယ်အတွက် နေ့စားလပေးကျောင်းဆရာ ဆရာမ ၁၂၅ ဦး ခန့်အပ်
15-Dec-2019
ကလေး၊ ဒီဇင်ဘာ ၁၅

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒေသခံ နေ့စားလပေး ကျောင်းဆရာ ဆရာမ ၁၂၅ ဦးကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

နေ့စားလပေး ကျောင်းဆရာ ဆရာမ ၁၂၅ ဦးခန့်အပ်ကြောင်းကို ချင်းပြည်နယ် ပညာရေးမှူးရုံးက ဒီဇင်ဘာလ ၁၁ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

ခန့်အပ်ခံရသည့် ကျောင်းဆရာ ဆရာမများသည် ဒေသအတွင်းနေထိုင်သည့်သူများဖြစ်ပြီး ၉ တန်းအောင်မှစတင်ကာ ဘွဲ့ရရှိထားသည့်သူများအထိ တစ်နေ့လျင် ငွေကျပ်ငါးထောင်နှုန်း နေ့စားလပေး ကျောင်းဆရာ ဆရာမများအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

‘ချင်းပြည်နယ်က ကျောင်းအဆင့်တိုးတွေ များတဲ့အခါမှာ ကျောင်းဆရာလိုအပ်ချက်က အများကြီးရှိလာတယ်။ ဖြေရှင်းနိုင်တဲ့နည်းလမ်းက နေ့စားလပေး ဆရာ ဆရာမတွေခန့်ထားဖို့ဆိုပြီး ပြည်ထောင်စုပညာရေးရုံးချုပ်ကနေ ဆောင်ရွက်ပေးတာဖြစ်ပါတယ်’ ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် နေ့စားလပေးခန့်ထားမှုအနေဖြင့် ယခုနှစ် ပညာသင်နှစ်တွင် ပလက်ဝမို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒေသခံ ဆရာ ဆရာမ ၃၆၀ ဦး ကို နေ့စားလပေးအဖြစ် ခန့်ထားခဲ့ကာ မတူပီမြို့နယ်တွင်လည်း ကျောင်းဆရာ ဆရာမ လိုအပ်ချက်များရှိနေကြောင်း လွှတ်တော်ကိုယ်စာလှယ်များက ပြည်ထောင်စုဝန်ကြီးထံတင်ပြခဲ့ရာမှ ဆက်လက်ခန့်ထားခဲ့ခြင်း ဖြစ်သည်။

ဓတချို့ဆရာမတွေ က မီးဖွားခွင့်ယူထားတယ်။ တချို့ ဆရာ ဆရာမတွေကျတော့လည်း ကျောင်းဆရာ ဆရာမ မရှိတဲ့ကျောင်းတွေမှာ တွဲပေးထားရတယ်။ အခု အစိုးရက နေ့စားလပေးတွေ ခန့်ပေးလိုက်တော့ သင်ကြားရေးမှာတော့ အထောက်အကူဖြစ်လာပါတယ်။ အသစ်ခန့်လိုက်တဲ့ ဆရာကတော့ လာမယ့်အပတ်ကနေစပြီး သင်ကြားကြတော့မှာပါဓ ဟု မတူပီမြို့နယ်အတွင်း တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်သည့် ဦးဟရန်အုပ်က ဆိုသည်။

မတူပီမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း ၁၇၁ ကျောင်းရှိပြီး ပညာရေးဝန်ထမ်း ၁၃၂၀ ခန့်ရှိကြောင်း မတူပီမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

(R - 20)

  • VIA