News

POST TYPE

LATEST NEWS POST

နမ့်တုန်း တံတား တစ်ခြမ်းပြိုကျ
12-Dec-2019

ဓာတ်ပုံ - စိုင်းစိုင်း

လားရှိုး၊ ဒီဇင်ဘာ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းကို ဆက်သွယ်ထားသော လားရှိုး- မိုင်းရယ် -ပင်လုံ - လဲချာ လမ်းပေါ်ရှိ နမ့်တုန်း တံတားမှာ ယနေ့ နံနက် ၁၁ နာရီ ခန့်က တံတားတစ်ခြမ်း ပြိုကျခဲ့ကြောင်း ခရီးသည်တင်ယာဉ်လိုင်းများထံမှသိရသည်။

“ဒီနေ့ မနက် ၁၁ နာရီလောက်ကဖြစ်တာ လတ်တလော အသွားအလာပိတ်နေတယ်ဟု လားရှိုးအခြေစိုက် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ဦးမြင့်သူက ပြောသည်။

အဆိုပါလမ်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မှ ရှမ်းတောင် မိုင်းရှုး၊ ဝမ်ဟိုင်း၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ မြို့များသို့ သွားလာနိုင်သော လမ်းဖြစ်ပြီး နေ့စဉ် ယာဉ်စီးရေ ၂၀၀ ကျော် ဖြတ်သန်းနေသောလမ်းဖြစ်သည်။

“၂၂ ဘီးကြီးတွေကပါနေ့ညဖြတ်နေတော့ လမ်းတားတွေ ခံနိုင်ဝန်မရှိတော့ ပျက်ပီပေါ့၊ ခရီးသည်တွေအဆင်ပြေဖို့ ပြိုတဲ့လမ်းအစား ကောင်းတဲ့လမ်းဘက် သီပေါ၊ နမ့်လန် - ပန်ကေတု - ကျေးသီက ပတ်သွားကြတာမို့ ၊ ခရီးသွားဖို့အဆင်ပြေတယ် ”ဟု ရှမ်းချယ်ရီယာဉ်လိုင်းဂိတ်မှုး ဦးမြမောင်ကပြောသည်။

မမ (လားရှိုး)