News

POST TYPE

LATEST NEWS POST

ညောင်ဦးနှင့် ဆောမြို့တွင် လူအင်အားသောင်းချီပါဝင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ခံပွဲပြုလုပ်
12-Dec-2019


ချောက်၊ ဒီဇင်ဘာ ၁၂

ဘင်္ဂါလီအရေးကိစ္စ တရားစွဲဆိုခံထားရမှုကို နယ်သာလန်နိုင်ငံတွင် တရားရင်ဆိုင်နေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက်က ညောင်ဦးမြို့နှင့် ဆောမြို့တွင် လူအင်အားသောင်းချီပါဝင်ကာ ပြုလုပ်ခဲ့ကြသည်။ 

ညောင်ဦးမြို့တွင် ဒေသခံလူထု နှစ်သောင်းကျော် ပါဝင်ကာ ယင်းမြို့ ဆုတောင်းပြည့်ကဇာတ်ရုံကွင်းမှ ရွှေစည်းခုံ ဘုရားပွဲကွင်းအထိ မြို့တွင်းလမ်းကြီးအတိုင်း ချီတက်ကာ အတိုင်ပင်ခံကို ထောက်ခံကြောင်း၊ အောင်မြင်ပါစေကြောင်း ကြွေးကြော်ခဲ့ကြသည်။ 

အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဆောမြို့တွင် လူထုနှစ်ထောင်ကျော် စုပေါင်း၍ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ 

ဆောမြို့ခံ ထောက်ခံသူများက “အမေ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ဖြေရှင်းချက်များ အောင်မြင်ပါစေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ၊ ချမ်းသာပါစေ။ တိုင်းပြည်အတွက် တရားရင်ဆိုင်သော ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်။

ထောက်ခံပွဲကို ရှုခင်းသာနေရာမှ စတင်ပြီး မြို့တွင်းလမ်းများအတိုင်းလှည့်လည်ကာ ရှင်မာလဲ့ဘုရားရင်ပြင်တွင် ယင်းမြို့ကိုယ်စားလှယ်နှစ်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာစာတမ်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တို့ကို ဖတ်ကြားပြီးနောက် နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသည်။

နေနိုင်