News

POST TYPE

LATEST NEWS POST

လူမှုကွန်ရက်အသုံးပြုရာတွင် ဆိုးကျိုး ကောင်းကျိုးများကို ထောက်ပြသော ဇာတ်လမ်းတိုပြိုင်ပွဲ
09-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၉

Youth Society for Education (YSE) မှ ဒုတိယအကြိမ်ပြုလုပ်သော “ Impacts of Social Media ” ခေါင်းစဉ်ဖြင့် လူမှုကွန်ရက်အသုံးပြုရာတွင် ဆိုးကျိုး ကောင်းကျိုးများကို ထောက်ပြသော ဇာတ်လမ်းတိုပြိုင်ပွဲတွင် ဇာတ်လမ်းတို ၈ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄ ခုကိုရွေးချယ်၍ဆုများပေးခဲ့ကြောင်း Youth Society for Education (YSE) အဖွဲ့ထံမှ သိရသည်။

ယင်းပြိုင်ပွဲသည် လူမှုကွန်ရက်အသုံးပြု၍ ရရှိလာသော ဆိုးကျိုး၊ ကောင်းကျိုးများကို မိမိတို့အမြင်ဖြင့် ကြိုက်သည့်ရှုထောင့်ကရွေးချယ်၍ ၅မိနစ်စာ ဇာတ်လမ်းအတိုရိုက်ကူး၍ ပြိုင်ပွဲဝင်ရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ဇာတ်လမ်းတိုများအား ကိုဉာဏ်ကျယ်စေ (Co-Founder & Production Director Pencell Animation Studio)၊ ကိုအောင်ဇော်မင်း (Founder (MCMMP) Production –eSport(Media Specialist)၊ ကို Kriz ချမ်းငြိမ်း ( S.A.E Institute Yangon, LUCID TREE Motion Picture) ၊ကို L မင်းပြည့်မွန် ( Director- SSHD Solutions Co.,Ltd Writer/ Directoe-White Space) တို့မှ ဒိုင်များအဖြစ် အကဲဖြတ်ပေးခဲ့ကြောင်း Youth Society for Education (YSE) အဖွဲ့ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် “The Change” ဇာတ်လမ်းတိုက အကောင်းဆုံးဆုရခဲ့ပြီး ပထမဆုကို “Team So” ဒုတိယဆုကို “ Regret” တို့ကရရှိခဲ့ပြီး People’s Choice Award အဖြစ် “The Media” တို့က ဆုအသီးသီးရရှိခဲ့ကြသည်။

“ဒီဗီဒီယိုအကုန်လုံးနီးပါးက လူငယ်တွေကပဲ ကြိုးစားပြီး ရိုက်ထားကြတဲ့ဗီဒီယိုတွေပေါ့။ ခေါင်းစဉ်ပေါ်မှာမူတည်ပြီး ကောင်းတဲ့ဘက်ကို ရိုက်ပြတာလည်းရှိတယ်။ တချို့ကလည်းဆိုးတဲ့ဘက်ကို ရိုက်ပြတာမျိုးရှိတယ်။ အဓိက သတ်မှတ်ချက်အနေနဲ့ ၅ မိနစ်ထက်မပိုရဘူးဆိုတဲ့ စည်းကမ်းချက်လေးတော့ ချမှတ်ထားပါတယ်”ဟု Youth Society for Education (YSE)မှ ပြင်ပ ဆက်ဆံရေး တာဝန်ခံ (Public Relation Director) မမြတ်သူမွန်က ပြောကြားသည်။

Youth Society for Education (YSE)သည် ပညာရေးဘက်တွင် ငွေးကြေးမတတ်နိုင်၍ ကျောင်းမနေနိုင်သူများကို တစ်လ ၅သောင်းနှုန်းဖြင့် ပညာသင်စရိတ်ထောက်ပံ့နေပြီး ကလေးများကို ကျောင်းချိန်ပြင်ပတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့် ကလေးများမလိုက်နိုင်သောဘာသာရပ်များကို သင်ကြားပေးနေခြင်းဖြစ်သည်။ လိုအပ်သော နေရာများကို ပညာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း လှူဒါန်းခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိပါသည်။

Youth Society for Education (YSE)ကို ၂၀၁၂ တွင် စတင်တည်ထောင်၍ ၂၀၁၄ တွင် တရားဝင်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။