News

POST TYPE

LATEST NEWS POST

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် အိတ်ချုပ်စက်ရုံမီးလောင်ရာ အလုပ်သမား ၄၃ ဦးသေဆုံး
08-Dec-2019
နယူးဒေလီ၊ ဒီဇင်ဘာ ၈

အလွန်ကြီးမားပြင်းထန်သော မီးလောင်ကျွမ်းမှုတစ်ခု အိန္ဒိယနိုင်ငံ မြို့တော်ဒေလီ ၏ လူနေကျပ်ညပ်ရာ ရပ်ကွက်တစ်ခုထဲရှိ အိတ်စက်ရုပ်တွင် ဖြစ်ပွါးခဲ့ရာ အနည်းဆုံး အလုပ်သမား ၄၃ ဦး သေဆုံးသွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

တနင်္ဂနွေနေ့ မနက်ခင်းပိုင်းက လူနေထူထပ်ကျဉ်းမြောင်းသော ရပ်ကွက်အတွင်း လေးထပ်အဆောက်အဦ တွင် မီးလောင်ခဲ့ရာမှ ယင်းသို့ အသေအပျောက်များပြားခဲ့ခြင်း ဖြစ်သည်။
မီးလောင်ချိန်၌ ကျောင်းသုံးအိတ်များချုပ်သော စက်ရုံထဲတွင် အနည်းဆုံး လူတစ်ရာခန့် အိတ်နေကြခြင်းဖြစ်သည်။ လူ ၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြီးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုး ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ က ပြောကြားခဲ့ကာ ၎င်း၏ စာနာဝမ်းနည်းကြောင်းစကားကိုလည်း ပြောဆိုသည်။
နံနက်ငါးနာရီခွဲခါနီး အချိန်တွင် နယူးဒေလီ မီးသတ်တပ်ဖွဲ့က ပထမဆုံး တိုင်ကြားချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

အောက်ထပ်အလွှာများတွင် မီးစတင်လောင်ကျွမ်းပြီး အလုပ်သမားများ အိပ်နေသည့် တတိယအလွှာသို့ လျှင်မြန်စွာ မီးကူးသွားခဲ့ခြင်း ဖြစ်သည်။

စက်ရုံတည်ရှိသော အဇက်စျေး သည် အလွန်ကျဉ်းမြောင်းသော လမ်းများ ရှိခြင်းကြောင့် မီးတောက်ထံသို့ မီးသတ်များ သွားရန်ခက်ခဲခဲ့သည်။

ကယ်ဆယ်ရေးသမားများက ဒဏ်ရာရထိခိုက်သူများကို ပခုံးထမ်းကာ တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်ခဲ့ရကြောင်း BBC ဟင်ဒီဘာသာအစီအစဉ်မှ ဒီနာဝက်ဇ်ပါရှာ က အခင်းဖြစ်ရာ နေရာမှ သတင်းပေးပို့ ဖော်ပြထားသည်။

မီးလောင်ရခြင်း အကြောင်းရင်းကို စုံစမ်းလျက်ရှိပြီး အဘယ့်ကြောင့် မီးစလောင်ရသနည်းကို မသိရသေးပေ။ မျက်မြင်သက်သေတစ်ဦးကတော့ ဝါယာကြိုး လျှော့ဖြစ်ခြင်းဟု ဆိုထားသည်။
ဒဏ်ရာရသူများကို နယူးဒေလီရှိ ဆေးရုံများတွင် တင်ပို့ကုသပေးထားသည်။

အိန္ဒိယတွင် တည်ဆောက်ခဲ့စဉ်က စီစဉ်ခဲ့မှု အားနည်းခြင်းကြောင့် အဆောက်အဦများ၏ မီးဘေးဆိုင်ရာ လုံခြုံမှု အားနည်းတတ်သည်။ 

F-02


  • VIA