News

POST TYPE

LATEST NEWS POST

ကရင်နီလူငယ် ၆ ဦးကို ပြစ်ဒဏ်တိုး ရန်ပြင်ဆင်ချက် လျောက်ထားမှု ပြည်နယ်အစိုးရ ပြန်ရုတ်သိမ်း
06-Dec-2019
တောင်ငူ၊ ဒီဇင်ဘာ ၆

ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတစ်ဦးကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာခဲ့သော ကရင်နီလူငယ် ၆ ဦးအပေါ် ပြစ်ဒဏ်တိုးမြင့်ရန် ပြင်ဆင်ချက်လျောက်ထားမှုကို ပြည်နယ်အစိုးရက ရုတ်သိမ်းလွှာ တင်သွင်းခဲ့သည်။

ကနေ့ ရုံးချိန်းမှာ ပြင်ဆင်ချက်တင်ခဲ့တဲ့ကိစ္စကို ပြန်ရုတ်သိမ်းတယ်။ ခရိုင်တရားသူကြီးကတော့ လာမဲ့ဒီဇင်ဘာ ၂၀ ရုံး ပြန်ချိန်းတယ်။ တရားသူကြီးလဲ ချိန်းဖို့ရှိတော့ နောက်ရုံးချိန်းမှာ လျောက်လဲချက်ပေးရမယ်။ သူဘာဆုံးဖြတ်မယ်မသိဘူးဟု လက်ရှိပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်ထားသူ ဂူးဂူး (ခ)ခွန်ကြူးဖဲကေးက ပြောကြားသည်။

ပြစ်ဒဏ်တိုးမြင့်ပေးရန် ပြင်ဆင်ချက်ကို ပြန်လည်ရုတ်သိမ်းရခြင်းမှာ အဆိုပါကရင်နီလူငယ်ခြောက်ဦးမှာ အသက်ငယ်ရွယ်သေးသည့်အပြင် အနာဂတ်မထိခိုက်စေရေး ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးကိုထောက်ရှုပြီး ပြန်လည်ရုတ်သိမ်းပါကြောင်း ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှုး အံ့မော်ဟု ရုတ်သိမ်းလွှာတွင် ထည့်သွင်းဖော်ပြထားသည်။

ကယားပြည်နယ် အစိုးရအဖွဲ့ယင်းကဲ့သို့ ကရင်နီလူ ၆ ဦး အပေါ် နိုဝင်ဘာ ၂၇ ရက်နေ့က ပြစ်ဒဏ်ထပ်တိုးမြင့်ပေးရန် ပြည်နယ်အစိုးရအဖွဲ့ပြင်ဆင်ချက်တင်ခဲ့သည့်ကိစ္စကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ကန့်ကွက်ကြောင်း စာရေးသားထုတ်ပြန်ထားသည်။ ကယာပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးတစ်ဦးကို အမျိုးသားသစ္စာဖောက်ကြေငြာသည့်ကိစ္စဖြင့် ကရင်နီလူငယ် ၆ ဦးသည်နိုင်ငံသားများ၏ လွတ်လပ်မှုလုံခြုံမှုကို အကာကွယ်ပေးရေးဆိုင်ရာဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့ရပြီး ယခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က လွိုင်ကော်တရားရုံးက ထောင် ၆လစီကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်ထောင်ဒဏ်ခြောက်လကျ ခံနေရသော ကရင်နီလူ ငယ်‌‌များဖြစ်သော ခွန်ကြူးဖဲကေး၊ ခွန်မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်၊ ခူးရီးဒူးရယ်၊ ခွန်သောမက်စ်၊ပျားလေးနှင့်ဒီးဒီ (ခ) စစ်မုန်းတို့‌အနက် ဂူးဂူး (ခ) ခွန်ကြူးဖဲကေး တစ်ဦးသာ ပြန်လည်လွတ်မြောက်‌လာသေးသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှို၊ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်‌မြောက်ရေးကော်မတီနှင့် ကရင်နီပြည်လူငယ်များနောက်ဆုံးတွေ့ဆုံစဉ်  ကြေးရုပ်တုရွေ့ပြောင်းပေးမည်မဟုက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုထားသော်လည်း ကရင်နီလူငယ်များက ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တုန့်ပြန်ပြောဆိုထားသည်။

R-15