News

POST TYPE

LATEST NEWS POST

KIA တပ်စခန်းတစ်ခုကို တပ်မတော် သိမ်းပိုက်
05-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၅

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) လက်နက်ကိုင်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA အခြေပြုစခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့အတွင်းက စတင်ကာ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ အကြား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တိုက်ပွဲများဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာတွင် KIA အခြေပြုစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလကုန်ပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတစ်ကြောင်းကို နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့က အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်ဟု တပ်မတော်ကဆိုသည်။ 

ယင်းနောက်တွင် အဆိုပါ ဆုတ်ခွာသွားသည့် KIA လက်နက်ကိုင်အဖွဲ့ အခြေပြုထားသည့် တပ်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ 

ထို့ပြင် ၎င်းဖြစ်စဉ်နေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ KIA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ KIA အဖွဲ့မှ ထုတ်လုပ်သော ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနှင့် ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ်- ၂၂ သေနတ် ၄ လက်၊အမ်-၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လလက်ပစ်ဗုံး ၂ လုံး၊ ရီမုခလုတ် ၁၉ ခု၊ ဆားကစ်ပြား(ဓာတ်ခဲအပါ) ၂၂ ခု၊ မှန်ပြောင်း ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံလုံး၊ ပစ်ကျင်း ၂၀ ကျင်းနှင့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနယ် မြေတစ်ဝိုက်အား တပ်မတော်စစ် ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် နယ် မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (ဃြဗ) ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ကာ မြောက်ပိုင်း လက်နက်ကိုင်များတွင် ပါဝင်သည့် အဖွဲ့လည်းဖြစ်သည်။

(J- 08)
 



  • VIA