News

POST TYPE

LATEST NEWS POST

ကျပ် ၅၀၀ တန်ထီလက်မှတ်မှ ဆုကြေးလာမထုတ်သည့် လက်မှတ်များ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ထုတ်ပေးမည်
05-Dec-2019
မန္တလေး၊ ဒီဇင်ဘာ ၅

ပြီးခဲ့သည့် ၂၀၁၉ ဇန်နဝါရီလက နောက်ဆုံးကျင်းပခဲ့သည့် ၂၂ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်မှ ဆုမဲပေါက်ပြီး လာရောက်ထုတ်ခြင်းမပြုသည့် လက်မှတ်များကို ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ရန်ကုန်နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲများတွင် ထုတ်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ၂၂ ကြိမ်မြောက် အောင်ဘာလေဆုပေးပွဲတွင် ထီဆုလက်မှတ်ပေါင်း ၁၂ယဝ၀၀ ကျော်ရှိပြီး သတ်မှတ်ရက်ထက် ကျော်လွန်သည့် ထီဆုကြေးငွေများကို ဘဏ္ဍာငွေအဖြစ် သိမ်းသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းထီလက်မှတ်များမှ ကျပ်သိန်း ၁၀၀ အထက် လက်မှတ်များကို ရန်ကုန်၊ မန္တလေးရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင်သာ ထုတ်ပေးသွားမည်ဖြစ်ပြီး ကျန်ဆုကြေးများကို သက်ဆိုင်ရာပြည်နယ်၊ တိုင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကျပ် ၅၀,ဝ၀၀ အပါအဝင် ဆုမဲစာရင်းများကို ပြည်နှင့် တိုင်းဒေသကြီးများရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ဘဏ္ဍာသိမ်းထီပေါက်စဉ်များကို www.ird.gov.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆုကြေးများထုတ်ယူနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။



  • VIA