POST TYPE
LATEST NEWS POST
ရွှေပြည်သာတွင် ကျူးကျော်အိမ် ၂၄၀ ကျော် မီးလောင်
22-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ ၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ (၁၈) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းတွင် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက လူနေအိမ် ၂၄၀ ကျော် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level-2 အဆင့်သတ်မှတ်၍ မီးသတ်ယာဉ်များဖြင့် ငြှိမ်းသတ်ခဲ့ရာ တစ်နာရီကျော်ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့သည်။
“မီးဘေးသင့် အိမ်ထောင်စုက ၂၄၂ စု၊ လူဦးရေ ၉၆၄ ဦး၊ အိမ်ခြေနဲ့ဆို ကျူးနေအိမ်အလုံး ၂၄၀ ကျော်လောက် မီးထဲပါသွားတယ်။ အိမ်လေးတွေက တစ်အိမ်နဲ့တစ်အိမ် ကပ်ဆောက်ထားတော့ မီးလောင်ချိန် လေကလည်း တိုက်နေတာမို့ မီးအရှိန်ကို မထိန်းနိုင်ခဲ့ဘူး။ ဝါး၊ ဓနိရောင်းတဲ့ဆိုင် လေးငါးဆိုင်လောက်ပါ မီးထဲပါသွားတယ်” ဟု (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ လတ်တလောတွင် မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေး လျက်ရှိပြီး မီးဘေးသင့်ပြည်သူများအတွက် ယာယီနားခိုရာစခန်းများ ဖွင့်လှစ်ပေးထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
13-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
01-Dec-2019