News

POST TYPE

LATEST NEWS POST

သိန်းနီတွင် ရှော့ခ်တိုက်မိုင်းနှစ်လုံးတွေ့ TNLA မှ ထောင်ထားခြင်းဟုတပ်မတော်ပြော
21-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမဘေးတွင် ထောင်ထားသည့် ရှော့ခ်တိုက်မိုင်း နှစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ TNLA မှ ထောင်ထားသည့် မိုင်းများဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

သိန်းနီမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် သိန်းနီမြို့၏ မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာသို့အရောက် သိန်းနီ - ကွတ်ခိုင်သွား ပြည်ထောင်စုကားလမ်းမကြီးဘေး ချုံပုတ်အတွင်းမှ အဆိုပါ ရှော့ခ်တိုက်မိုင်းနှစ်လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ရှော့ခ်တိုက်မိုင်းနှစ်လုံးသည် အချား ၄လက်မနှင့် အချင်း ၃လက်မခန့်ရှိ သံပိုက်ထဲတွင် TNT ယမ်းအပြည့်ထည့်သွင်းထားသည့် ဒေသန္တရလုပ် သံကိုယ်ထည် ရှော့တိုက်မိုင်းအမျိုးအစားများဖြစ်ကြကြောင်းလည်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရှော့ခ်တိုက်မိုင်းနှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ခရီးသွားပြည်သူများ အန္တရာယ်အဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေးအဖွဲ့ဖြစ် စနစ်တကျ သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း လားရှိုးမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များသို့ ရှော့ခ်တိုက်ဒုံးများ အသုံးပြုကာပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သားအချို့ဒဏ်ရာရရှိခဲ့ကာ ယင်းပစ်ခတ်မှုကိုလည်း တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က ပစ်ခတ်ခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

(J - 08)