News

POST TYPE

LATEST NEWS POST

မော်လမြိုင်တွင် ရွှေဆိုင်မီးရှို့သူကို ဖမ်းဆီးအရေးယူ
19-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်တွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်က ရွှေဆိုင် တစ်ဆိုင်အား မီးရှို့ဖျက်ဆီးရန် ကြံစည်သည့် အမျိုးသားကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်အရေးယူထားသူ အောင်ဆန်းဦး(၄၃)နှစ်မှာ ရွှေဆိုင်မှ လက်ခစား လုပ်ကိုင်နေသူဖြစ်ပြီး အခင်းဖြစ်ချိန်က ရွှေဆိုင်အတွင်း မီးလောင်မှုဖြစ်ပွားသဖြင့် ဆိုင်ပိုင်ရှင် အမျိုးသားနှင့် ဆိုင်အလုပ်သမား အမျိုးသား နှစ်ဦးမှ ဝိုင်းမီးငြှိမ်းသတ်ခဲ့သည်။

ယင်းနောက် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စစ်ဆေးရာ အောင်ဆန်းဦးမှ ဆိုင်အတွင်း တပ်ဆင်ထားသော CCTV ကြိုးကို ကတ်ကြေးဖြင့်ဖြတ်၍ ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သောကြောင့် ပရိဘောဂပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S - 03)