POST TYPE
LATEST NEWS POST
ကျိုက်ထိုတွင် လူသတ်မှုဖြစ်
18-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သိမ်ဇရပ် ပတ္တမြားရပ်ကွက်ရှိ ဗိုလ်ချုပ်မြင်းစီးရုပ်တုရင်ပြင်တွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ရာမှ တစ်ဦးသေဆုံးခဲ့သောကြောင့် လူသတ်မှုဖြင့် လူငယ်ခုနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လူတစ်ဦးသေဆုံးခဲ့သည့် လူငယ်အဖွဲ့မှာ နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီက ဗိုလ်ချုပ်မြင်းစီးရုပ်တုရင်ပြင်တွင် ဂစ်တာတီးပြီး အချင်းချင်း အော်ဟစ်နောက်ပြောင်ဆဲဆိုနေစဉ် ရဲရင့်အောင်(ခ) ရဲကြီးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး “မင်းတို့ဘယ်သူ့ကို ဆဲတာလဲ” ဟု ပြောဆို၍ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ယင်းနောက် ၎င်းနှင့်အပါအဝင် လူငယ်ခုနှစ်ဦး ရောက်ရှိလာပြီး ဂစ်တာတီးနေသည့်အဖွဲ့ကို ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သောကြောင့် ကျော်လင်းအောင်(ခ)ကြောင်ချီးမှာ ပေါက်ပြဲဖူးရောင်ဒဏ်ရာများဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့က ဆေးရုံတွင် သေဆုံးခဲ့သည်။
အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ ရဲရင့်အောင်(ခ) ရဲကြီး အပါအဝင် လူငယ်ခုနှစ်ဦးကို ဖမ်းဆီးပြီး သိမ်ဇရပ်နယ်မြေရဲစခန်းမှ (ပ)၂၃၇၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ /၁၁၄(လူသတ်မှု။အားပေးကူညီမှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
(S - 03)
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
05-Dec-2019
-
01-Dec-2019