News

POST TYPE

LATEST NEWS POST

ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအလှဆင်ပွဲတော် ကျင်းပမည်
16-Nov-2019

မန္တလေး၊ နိုဝင်ဘာ ၁၆

ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအစစ် အပင်ပေါင်းသုံးသိန်းကျော် အသုံးပြုမည့် ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ တစ်လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

“ပြင်ဦးလွင်မြို့မှာ အပန်းဖြေနားနေစရာ သဘာဝထိန်းသိမ်းရေးနယ်မြေက တဖြည်းဖြည်းနဲ့ တော်တော်လေးရှားပါးလာပါပြီ။ ဒါကြောင့် သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုအဖြစ်ပေါ်ပေါက်လာစေဖို့နဲ့ သဘာဝကိုလူအများ တန်ဖိုးထားတတ်လာစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်” ဟု ဦးစံလှက ပြောသည်။

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် နှစ်စဉ်ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည့်ပန်းပွဲတော်ကို ကန်တော်ကြီးဥယျာဉ် လုပ်ကိုင်ခွင့်ရထားသော ထူးဂရုကလည်းပြုလုပ်လေ့ရှိပြီး ဒီဇင်ဘာခြံတွင်လည်းပြုလုပ်မည်ဖြစ်ရာ ပြင်ဦးလွင်တွင် ပန်းပွဲတော်နှစ်ခု ဖြစ်လာမည်ဖြစ်သည်။

ဒီဇင်ဘာခြံတွင် ပြုလုပ်မည့် ပန်းပွဲတော်တွင် ပန်းအမျိုးအစားပေါင်း ခြောက်ဆယ်ခန့်ပါဝင်မည်ဖြစ်ကာ ပြည်တွင်းပြည်ပနှစ်ခုလုံးမှ ပန်းမျိုးစိပ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ခြံအတွင်းတွင် တစ်ဧကခန့်အား ပန်းပင်မျိုးစုံတို့အား တစ်စုတဝေးတည်းပြသသွားမည်ဖြစ်ပြီ၊ ပန်းရေတံခွန်၊ ပန်းတံတားနှင့် ပန်းဖြင့်ပြုလုပ်ထားသော အရုပ်မျိုးစုံတို့ ပါဝင်ပြသသွားမည် ဖြစ်သည်။

ဒီဇင်ဘာခြံသည် မြေဧက ၁၃၈ ဧက ခန့်အကျယ်အဝန်းရှိပြီး ရေတံခွန်များ၊ စမ်းချောင်းများဖြင့် သဘာဝအတိုင်း တည်ဆောက်ထားပြီး၊ ထပ်မံ၍ သစ်ပင်ပေါင်း ၅၀၀၀ ကို စိုက်ပျိုးသွားမည် ဖြစ်သည်။ 

အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပန်းပွဲတော်တွင်လည်းပြည်တွင်းပန်းမျိုးစိပ်များ၊ ပြည်ပ ပန်မျိုးစိတ်များဖြင် ပန်ဒမျိုးစိပ်ပေါင်း ၇၀ ခန့်မှ ပန်းအပင်ပေါင်း သုံးသိန်းဝန်ကျင်ဖြင့် နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၁၄ ကြိမ်မြောက် ပြသသွားရန်ရှိနေသည်။

(M - 04)