News

POST TYPE

LATEST NEWS POST

Facebook ပေါ်မှ account တုပေါင်း ၅ ဒသမ ၄ ဘီလီယံကို ယခုနှစ်အတွင်း ဖယ်ရှားခဲ့ဟုဆို
14-Nov-2019


ယခုနှစ်အတွင်း facebook သည် ကလေးသူငယ် ထိပါးမှုများ၊ သေကြောင်းကြံစည်ခြင်းများ အပါအဝင် သတင်းတုများ စသည့် post ပေါင်း သန်းပေါင်းများစွာနှင့်အတူ account တုပေါင်း ၅ ဒသမ ၄ ဘီလီယံကို ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီလမှ စက်တင်ဘာလအတွင်း fake account အတု ၃ဒသမ၂ဘီလီယံကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ကာကွယ်မှုကို အရှိန်မြှင့်နေပြီး ဖန်တီးပြီး အချိန်အနည်းငယ် အကြာမှာပင် မသမာသည့် account များကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

“account အတုများ၊ မသမာသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာချက်များကို ခြေရာခံခြင်းနှင့် တားဆီးခြင်း များ ဆောင်ရွက်ရာတွင် တိုးတက်လာခဲ့ကြောင်း” အင်တာနက်လူမှုကွန်ရက် လုပ်ငန်းကြီးက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

“ခြေရာခံသည့် စနစ်ကို အသုံးပြုခြင်းဖြင့် နေ့စဉ် account တုများဖန်တီးမှု အကြိမ်ရေ သန်းပေါင်းများစွာကို ကာကွယ်နိုင်ခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တစ်ယောက်ယောက်ဟန်ဆောင်ကာ account ဖန်တီးခြင်း သို့မဟုတ် မရှိသော အရာတစ်ခုကို ဖန်တီးဖော်ပြခြင်း စသည့် အတုများက facebook အသုံးပြုသူ အားလုံး၏ ၅ ရာခိုင်နူန်းအထိ ရှိကြောင်း ကုမ္ပဏီက ဆိုသည်။

နိုင်ငံရေး၊ လူမှုရေး ရည်ရွယ်ချက်များဖြင့် လူထုကို လိမ်လည်လှည့်ဖျားရန် ဖန်တီးထားသော account များက ဖြုတ်ချရာတွင် ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံသုံးစွဲမှုများ များစွာ ထည့်ဝင်ထားကြောင်း ဖော်ပြထားသည်။

အစိုးရများက အချက်အလက်များ လိုချင်၍ facebook ထံ တောင်းဆိုခြင်းများကလည်း မြင့်တက်လာနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရများက အသုံးပြုသူတို့၏ အချက်အလက်များ လိုချင်ကြောင်း တောင်းဆိုလာမှုသည် ၁၆ ရာခိုင်နူန်းမြင့်တက်လာကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

အမေရိကန်အစိုးရ၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီ နှင့် ပြင်သစ်တို့၏ တောင်းဆိုမှုက အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။ F-02