News

POST TYPE

LATEST NEWS POST

လှိုင်သာယာတွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်ကြံစည်သည့် လူငယ်နှစ်ဦးကို အမှုဖွင့်
13-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် အိမ်နီးချင်းလူငယ်နှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခံရသော မိန်းကလေးငယ်ကို နိုဝင်ဘာ ၁၂ ရက်နေ့က ၎င်း၏ အဖွားဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာ ပြီးခဲ့သည့်နှစ်ရက်က အိမ်နီးချင်းနေထိုင်သော အသက် ၁၅ နှစ်အရွယ် လူငယ်အမျိုးသားက ကာတွန်းကားပြမည်ဟု လီဆယ်ပြောဆို၍ အခန်းထဲခေါ်ပြီး လက်ဖြင့် မဖွယ်မရာပြုကျင့်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် လေးရက်ခန့်က ယင်းလူငယ်အမျိုးသား၏ ညီဖြစ်သူကလည်း မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရှိခဲ့သည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြေးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် လူငယ်နှစ်ဦးကို အရေးယူပေးရန် အဖွားဖြစ်သူက တရားလိုပြု တိုင်ကြားလာသဖြင့် လှှိုင်သာယာမြို့မရဲစခန်းမှ (ပ) ၆၇၀၈/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၇၆/၅၁၁ အရ အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03