POST TYPE
LATEST NEWS POST
ဟောင်ကောင် ဆူပူအုံကြွမှုနှင့်ပတ်သက်၍ ဆန္ဒပြသူများရော အာဏာပိုင်များကိုပါ အမေရိကန်နှင့် ဗြိတိန် ပြစ်တင်ဝေဖန်
13-Nov-2019

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂
ဟောင်ကောင်တွင် လတ်တလော ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ၊ ဆူပူအကြမ်းဖက်မှုများအပါအဝင် လုံခြုံရေးတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ထိပ်တိုက်ပဋိပက္ခများကို အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ပြစ်တင်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဟောင်ကောင်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး ဒဏ်ရာရရှိသွားခြင်း၊ ဆန္ဒပြအမျိုးသားတစ်ဦး မီးရှို့ခံခဲ့ရခြင်း အစရှိသည်တို့ ပေါ်ပေါက်ခဲ့ပြီးနောက် အမေရိကန်နှင့် ဗြိတိန်အစိုးရတို့က ဟောင်ကောင်ရဲတပ်ဖွဲ့ကိုသာမက ဆန္ဒပြပြည်သူများကိုပါ ပြစ်တင်ဝေဖန်ခဲ့သည်။
“ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေအနေနဲ့ တင်းမာမှုတွေ ပဋိပက္ခတွေ လျော့ကျသွားအောင်လုပ်ပေးဖို့ တာဝန်ရှိပါတယ်”ဟု ထရမ့်အုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော် တဂတ်စ်ဆိုသူကလည်း ဟောင်ကောင်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိရေးအတွက် လုပ်ဆောင်ပေးသွားမည်ဟု ဆိုထားသောကတိကဝတ်များကို လေးစားလိုက်နာသွားရန် ဘေဂျင်း (ပြည်မကြီး) အစိုးရကို တိုက်တွန်းသည်။
ဟောင်ကောင်တွင်ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို အမေရိကန်ပြည်ထောင်စုက ကြီးမားသော စိုးရိမ်မှုဖြင့် အနီးကပ် စောင့်ကြည့်လျက်ရှိသည်ဟု ၎င်းက ပြောသည်။
လတ်တလော ဆူပူအကြမ်းဖက်မှုများ၊ ဆန္ဒပြမှုများနှင့်ဆိုင်သော ပြဿနာများကို ဖြေရှင်းရာတွင် ဟောင်ကောင်အစိုးရအနေနှင့် ပြည်သူများနှင့် ဒိုင်ယာလော့ခ် ပြုလုပ်သင့်ကြောင်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းသည်။ ထို့အတူ ဆန္ဒပြသူများဘက်ကလည်း အစိုးရက ပြုလုပ်လာမည့် ဒိုင်ယာလော့ခ်များကို အပြုသဘောဆောင်စွာ တုံ့ပြန်သင့်ကြောင်း အမေရိကန်အစိုးရက အကြံပြုသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားသည်။
“လတ်တလော ဆူပူအုံကြွမှုတွေ၊ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာတွေ စတာတွေကြောင့် ကျွန်တော်တို့တွေ အတော့်ကို စိတ်ပူပန်ရပါတယ်”ဟု ၎င်းက ပြောကြားသည်။
ဗြိတိန်အစိုးရ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ရုံးကလည်း ကြေညာချက် တစ်ရပ်ထုတ်ပြန်ရာတွင် ရဲတပ်ဖွဲ့ရော ဆန္ဒပြပြည်သူများအနေနှင့်ပါ တည်ငြိမ် အေးချမ်းစွာပြုမူကြရန် တိုက်တွန်းသည်။ ဘောရစ်ဂန်ဆင်ကိုယ်တိုင်ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ဆိုသည့်ကိစ္စကို ထောက်ခံပါကြောင်း ပြောကြားသည်။
“ရှေ့ဆက်သွားနိုင်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ နိုင်ငံရေး ဒိုင်ယာလော့ခ်ပါပဲ။ ဟောင်ကောင်အာဏာပိုင်တွေ အနေနဲ့ လက်ရှိအခြေအနေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းရှာဖွေတာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။
တနင်္လာနေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူတစ်ဦးကို ပစ်ခတ်ခဲ့မှုအပေါ် မကျေနပ်သော ဆန္ဒပြအင်အားစုများက မီးရထားဘူတာရုံများကို ပိတ်ဆို့ခြင်း၊ လမ်းများကို ပိတ်ဆို့ခြင်း၊ ဈေးဆိုင်များကို ဖျက်ဆီးခြင်း စသည်တို့ပြုလုပ်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။
F-01
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
09-Dec-2019
-
01-Dec-2019