POST TYPE
LATEST NEWS POST
ကျန်းမာရေးအားနည်းသူများ မိမိထိုးသတ်ပွဲများကို မကြည့်ကြရန် အောင်လအန်ဆန်း ပြောကြား
12-Nov-2019

ပုသိမ်၊ နိုဝင်ဘာ ၁၂
ကျန်းမာရေးအားနည်းသူများအနေဖြင့် ၎င်း၏ထိုးသတ်ပွဲများကို ကြည့်ရှုအားပေးခြင်းမပြုရန် ကချင်တိုင်းရင်းသား မစ်ဒစ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းက ပြောကြားသည်။
နိုဝင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းက ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် ကိုးသိန်းပြည်သူ့ အားကစားရုံတွင် ပုသိမ်မြို့ရှိ ၎င်း၏ ပရိသတ်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်ပွဲတွေက ဟဲဗီးဖြစ်တယ်။ ကျွန်တော့် နိုင်ပွဲတွေအားလုံးက အလဲကစားတဲ့ပွဲတွေဖြစ်တယ်။ ကျွန်တော် ပရိသတ်တွေအတွက် စိတ်လှုပ်ရှားတဲ့ပွဲတွေဖြစ်မယ်။ ကျန်းမာရေးမကောင်းသူတွေကို ပေးမကြည့်သင့်ပါဘူးလို့ ပြောချင်တယ်”ဟု အောင်လအန်ဆန်းက ပြောကြားသည်။
မိမိ၏ပြိုင်ပွဲတိုင်းကို မြန်မာပရိသတ်များ အမြဲအားပေးနေသည်ကို သိရှိနေ၍ မြန်မာပရိသတ် မျက်နှာမငယ်ရစေရန် ကြိုးစားထိုးသတ်ကြောင်း၊ ပြိုင်ပွဲများ ၂နှစ်ခန့်ဆက်လက်ထိုးသတ်ပြီး အနားယူမည်ဖြစ်ကာ အားကစားပညာကို လက်ဆင့်ကမ်းသင်ကြားပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အောင်လအန်ဆန်းသည် ပရိသတ်များနှင့်တွေ့ဆုံရန် နိုဝင်ဘာ ၁၁ရက်က ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့၊ ဧရာဝတီတိုင်း ဖျာပုံမြို့၊ ကျိုက်လတ်မြို့၊ မအူပင်မြို့၊ ညောင်တုန်းမြို့များသို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၁၂ရက် နံနက်ပိုင်းက ပုသိမ်မြို့ ပုသိမ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် ကျောင်းကုန်းမြို့၊ အိမ်မဲမြို့၊ ငသိုင်းချောင်းမြို့၊ အသုတ်မြို့များသို့ ထပ်မံသွားရောက်ကာ ပရိသတ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယင်းခရီးစဉ် စီစဉ်သူများထံမှ သိရသည်။
သီတင်းကျွတ်လပြည့်ည (အောက်တိုဘာ ၁၃ရက်ညက) အောင်လအန်ဆန်းနှင့် ဘရန်ဒန်ဗီရာတို့ ထိုးသတ်ပွဲကို ကြည့်ရှုအားပေးနေကြစဉ် ဥက္ကံမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ဒေးဒရဲမြို့နယ်မှ အမျိုးသားတစ်ဦး ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
R-12
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
12-Dec-2019
-
01-Dec-2019