News

POST TYPE

LATEST NEWS POST

စာရင်းအင်းပညာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်
23-Oct-2019


ရန်ကုန်၊ အောက်တိုဘာ ၂၃

စီးပွားရေးဘာသာရပ်အတွက် အထောက်အကူဖြစ်စေမည့် စာရင်းအင်းပညာ ဉာဏ်စမ်းပဟေဠိမေးခွန်းပြိုင်ပွဲကို စီးပွာရေးတက္ကသိုလ်သုံးခုနှင့် UNFPA တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် နီလာရတုခန်းမ၌ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသည် အောက်တိုဘာ ၂၀ ရက်တွင် ကျရောက်ခဲ့သော ကမ္ဘာ့စာရင်းအင်းနေ့ အထိမ်းအမှတ်ဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်၊ မုံရွာ၊ မိထ္တီလာ စီးပွားရေးတက္ကသိုလ်သုံးခုမှ တစ်ဖွဲ့လျှင် ငါးဦးစီ ပထမနှစ်မှ ဂုဏ်ထူးတန်းအထိကျောင်းသားများဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသားများ စာရင်းနှင့်ပတ်သက်သော အသုံးဝင်ပုံ၊ အသုံးချပုံ၊ အတွက်အချက်များ ပိုမိုကျွမ်းကျင်ပြီး ဗဟုသုတများရရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်။ 

UNFPA မှ လူဦးရေးနှင့် ဖွံဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းတွင် တာဝန်ရှိသူ မယုမြတ်မွန်က “အဓိကတော့ စာရင်းအင်းပညာရှင်တွေ ပေါ်ထွက်လာဖို့ စာရင်းအရည်အသွေးတွေတိုးတက်လာဖို့ ဒီတက္ကသိုလ်တွေမှာ လုပ်တာပါ။ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာမေးတတ်တဲ့မေးခွန်းတွေ အရေးကြီးတဲ့အပိုင်းတွေ မဖြစ်မနေသိရမယ်။ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲက အမြန်ဆုံးတွက်ချက်ရတယ် အချိန်မယူရပဲချက်ချင်းဖြေရတာဆိုတော့ မှတ်မိလွယ်တယ် နားလည်လွယ်တယ်”ဟု ပြောကြားသည်။

အဆိုပါပြိုင်ပွဲအတွက် ပဟေဠိမေးခွန်းများကို အပိုင်း ၃ ပိုင်းခွဲထားပြီး မေးခွန်းပထမအပိုင်းတွင် ၉ ခု၊ ဒုတိယအပိုင်းတွင် ၇ ခု၊ တတိယအပိုင်းတွင် ၆ ခုပါပြီး စာရင်းအင်းပညာ၏ သိသင့်သော အခြေခံအကြောင်းအရာများ၊ နိုင်ငံတစ်ခု၏ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ လူဦးရေနှင့်ပတ်သက်သောစာရင်းများ၊ နိုင်ငံကိုယ်စားပြုစစ်တမ်းကောက်ထားသော စာရင်းအချက်အလက်များ မေးခွန်းထဲတွင်ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းပြိုင်ပွဲတွင် မိထ္ထီလာစီးပွားရေးတက္ကသိုလ်က ပထမဆု၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယဆုနှင့် မုံရွာစီးပွားရေးတက္ကသိုလ်က တတိယဆုတို့ရှိခဲ့သည်။ ကမ္ဘာ့စာရင်းအင်းနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်ပြုလုပ်ခြင်းခြင်းဖြစ်ပြီး ပထမအကြိမ်အတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပထမဆုရရှိခဲ့ကြောင်း UNFPA ထံမှ သိရသည်။

ကျော်ဖြိုး 





  • VIA