News

POST TYPE

LATEST NEWS POST

ရှေးရိုးအစဉ်အလာ အခမ်းအနားအတိုင်း ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲကျင်းပ
22-Oct-2019


တိုကျို၊ အောက်တိုဘာ ၂၂

ဂျပန်ဧကရာဇ် နာရူဟီတို၏ နန်းတက်ပွဲကို ဂျပန်တော်ဝင် ရိုးရာ အစဉ်အလာအတိုင်း ပြုလုပ်ကျင်းပခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြလျက်ရှိသည်။

ဂျပန်ဘုရင်ကြီး အကီဟီတို နန်းစွန့်သွားပြီးနောက် သားဖြစ်သူ ဘရင် နာရူဟီတိုသည် မေလအတွင်းက ထီးနန်းကို ရယူခဲ့ပြီး ယခု နန်းတက်ပွဲ ကျင်းပခြင်းဖြစ်သည်။

တိုကျိုမြို့ တော်ဝင်နန်းတော်အတွင်းဝယ် ရိုးရာအစဉ်အလာ အခမ်းအနားများ ပြုလုပ်ခဲ့ပြီး တရားဝင်နန်းတက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် လူ ၈၀ သေဆုံးခဲ့သော တိုင်ဖွန်း ဟာဂီဘစ်စ်ဖြစ်ပွားပြီးနောက် အဆိုပါ နန်းတက်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူများအတွက် ပူဆွေးဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နန်းတက်ပွဲကို နောက်ဆုတ်ခဲ့ခြင်းမျိုး ရှိခဲ့သည်။

ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ၊ ဘုရင့်နိုင်ငံအသီးသီးမှ တော်ဝင်ဆွေတော် မျိုးတော်များ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။

နန်းတက်ပွဲကို ဘုရင်ကြီး နာရူဟီတိုက ၆ မီတာခွဲမြင့်သော တာကာမီကူရပလ္လင်ပေါ်မှ ပါဝင်ဆင်နွှဲခဲ့သည်။

လိမ္မော်ဝါရောင် ရှင်ဘုရင်ဝတ်ရုံကို ဆင်မြန်းထားသော ဂျပန်ဧက္ကရာဇ်သည် တရားဝင်နန်းတက်လွှာကို ဖတ်ကြားခဲ့သည်။

“အခြေခံဥပဒေအတိုင်း ကျင့်သုံးမည်ဖြစ်ကာ နိုင်ငံတော်၏ အမှတ်လက္ခဏာအဖြစ်လည်းကောင်း၊ ပြည်သူများ၏ ညီညွတ်စေမှုကိုလည်းကောင်း တာဝန်ကျေပွန်အောင် ထမ်းဆောင်မည်ဟု ကျိန်ဆိုပါသည်”ဟု ဂျပန်ဘုရင်က ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂုဏ်ပြုမိန့်ခွန်းပြောကြားပြီးနောက် ဧကရာဇ်ကြီး သက်တော်ရာကျော်ရှည်ပါစေ ဘန်ဇိုင်း ဘန်ဇိုင်းဟု ဂျပန်များက ဟစ်ကြွေးခဲ့ကြသည်။ 

F-02


  • VIA