News

POST TYPE

LATEST NEWS POST

ဟောင်ကောင်ဆန္ဒပြအဖွဲ့ခေါင်းဆောင်ကို အမည်မသိသူများက တူနဲ့ထု တိုက်ခိုက်သွား
17-Oct-2019


ဟောင်ကောင်စီးတီး၊ အောက်တိုဘာ ၁၇

ဒီမိုကရေစီရေး လှုပ်ရှားသော ဟောင်ကောင် အစုအဖွဲ့များထဲမှ တစ်ခု၏ ခေါင်းဆောင်ဖြစ်သူ တုနဲ့ ရိုက်နှက်ထုကာ တိုက်ခိုက်ခံလိုက်ရကြောင်း BBC သတင်းက ဖော်ပြထားသည်။

အရပ်သားလူ့အခွင့်အရေးတပ်ဦး CHRF အဖွဲ့မှ ဂျင်မီရှမ်းသည် လမ်းမပေါ်၌ သွေးအိုင်ထဲ လဲနေပုံ ဓာတ်ပုံများ လူမှုကွန်ရက်မီဒီယာပေါ် တက်လာခဲ့သည်။

ငြိမ်းချမ်းစွာ အကြမ်းမဖက်သော လူထုလှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်နေဦးမည်ဟု တက်ကြွလှုပ်ရှားသူ က ဆေးရုံမှနေ၍ ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုသည် အစိုးရကို ထောက်ခံသော ဟောင်ကောင်သားများ အဖွဲ့၏ လက်ချက်ဖြစ်မည်ဟု CHRF က ပြောကြားထားသည်။ အဆိုပါ အဖွဲ့သည် ဟောင်ကောင်ရှိ တက်ကြွလှုပ်ရျားသူများကို တိုက်ခိုက်နေသည်ဟု သံသယရှိသည့်အဖွဲ့ဖြစ်၏။

ဟောင်ကောင်နယ်မြေတွင် ဒီမိုကရေစီကို ပိုမိုမြင့်မားစွာ ရရှိရေး လူထုဆန္ဒပြပွဲများ ဇွန်လတွင် စတင်ခဲ့ပြီး ပြီးဆုံးရန်လည်း အခြေအနေမရှိသေးပေ။

ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်း ပါလီမန်ထဲတွင် မိန့်ခွန်းပြောပွဲကို အတိုက်အခံအမတ်များက ဆန္ဒပြ ဆန့်ကျင်လိုက်သဖြင့် ပါလီမန်ထဲ မိန့်ခွန်းပြောရန် အစီအစဉ် ပျက်သွားခဲ့ရပြီးနောက် ယင်းသို့ တိုက်ခိုက်ခံရမှု သတင်းများ ထွက်လာခြင်းဖြစ်သည်။

ဟောင်ကောင်ဒေသ ကောင်လွန်းကျွန်းဆွယ် မွန်ကော့ဒေသတွင် တူကိုင်ထားသော အမျိုးသားငါးဦးက ဂျင်မီရှမ်းကို တိုက်ခိုက်ခဲ့ခြင်းဟု CHRF က ဆိုသည်။

ဆေးရုံသို့ ပို့ဆောင်သည့်အချိန်တွင် ဂျင်မီရှမ်း သတိပြန်ရနေပြီး တည်ငြိမ်သော အခြေအနေသို့ ရောက်နေပြီဟု သတင်းများက ဖော်ပြထားသည်။

ဂျင်မီရှမ်းသည် ဟောင်ကောင်ဆန္ဒပြပွဲစကတည်းက ပထမအကြိမ်တိုက်ခိုက်ခံရဖူးသည်။

“သဘာဝအတိုင်းရှိနေသော၊ ဥပဒေအရ ဖြစ်သော အခွင့်အရေးများကို ခြိမ်းခြောက်တဲ့ နိုင်ငံရေး အကြမ်းဖက်မှုများနဲ့ ယခုဖြစ်ရပ်ဟာ ဆက်စပ်နေပါတယ်”ဟု CHRF က ထုတ်ပြန်ထားသည်။ 

F-02


  • VIA