News

POST TYPE

LATEST NEWS POST

ပလိပ်အင်း ဆောင်းခိုငှက်ဝင်ရောက်မှု နည်းမည်
16-Oct-2019


မန္တလေး၊ အောက်တိုဘာ ၁၆

ယခုနှစ်တွင် ရေဝင်ရောက်မှုမရှိသဖြင့် ပလိပ်အင်းအတွင်း ဆောင်းခိုငှက်ဝင်ရောက်မှု နည်းပါးနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ ငှက်ချစ်သူများထံမှ သိရသည်။

ပလိပ်အင်းတွင် ဆောင်းခိုငှက်ဝင်ရောက်မှုက တစ်နှစ်ပြီးတစ်နှစ် နည်းလာသကဲ့သို့ အစာအဆိပ်ချသတ်ဖြတ်မှုကလည်း နှစ်စဉ်ရှိလာကြောင်း၊ ယခုနှစ်တွင် အင်းအတွင်း ရေဝင်ရောက်မှုမရှိသဖြင့် ဆောင်းခိုငှက်ဝင်ရောက်မှုနည်းနိုင်ကြောင်း ငှက်ကြည့်ပညာရှင်တစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် ပလိပ်အင်းအတွင်း ရေဝင်ရောက်မှုနည်းပါးရခြင်းမှာ ဒုဋ္ဌဝတီမြစ်ရေတက်ချိန်နှင့် အင်းအတွင်း ရေသွင်းရမည့်နေ့ရက် ကိုက်ညီမှုမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ရေသွင်းရမည့်ရက်ရောက်ချိန်တွင် ဒုဋ္ဌဝတီမြစ်ရေမှာ ပြန်လည်ကျဆင်းသွားကြောင်း ပလိပ်မြို့ခံများထံမှ သိရသည်။

ယမန်နှစ်က ပလိပ်အင်းတွင် ဒေသရင်းငှက်မျိုးစိတ်များ၊ ဆောင်းခိုငှက်မျိုးစိတ်များကို သတ်ဖြတ်ခြင်းမှကာကွယ်ရန် အသိပညာပေးခြင်းလုပ်ငန်းများကို သဘာဝ ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေး ဦးစီးဌာနက ဆောင်ရွက်မှုများရှိခဲ့သည်။

ပလိပ်အင်းတွင် ဆောင်းခိုငှက်များဖြစ်သည့် ရေဘဲအုပ်စု စစ္စလီသေး (Lesser Whistling Duck)၊ မောက်တင် (Comb Duck)၊ ကလက်တ် (Cotton Pygmygoose)၊ တောငန်း (Greylag Goose)၊ ဟင်္သာ (Ruddy Shelduck)၊ တောဝမ်းဘဲ (Chinese Spot-billed Duck)၊ ဘဲရစ်/ဘဲမြီးသွယ် (Northen Pintail)၊ ဘဲအ (Eurasian  Wigeon)၊ ရှိုဘယ်လာဘဲ (Northern Shoveler)၊ ဘဲခေါင်းစိမ်း (Mallard)၊ တစီးမှုတ် (Little  Grebe)၊ ခရုတုတ် (Asian  Openbill)၊ ခရုစုတ်ခေါင်းမည်း (Black-headed Ibis)၊ ဥပန်း (Oriental Darter)၊ တင်ကျီး (Great Cormorant)၊ အော်ယော ငဟစ်မွဲ (Grey Heron)၊ ငဟစ် (Purple Heron)၊ ဗျိုင်း၊ ဗျိုင်းအောက်များကို တွေ့ရသည်။

M-01



  • VIA