News

POST TYPE

LATEST NEWS POST

အတိုက်အခံအမတ်များ လွှတ်တော်ထဲမှာ အော်နေသဖြင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်း မိန့်ခွန်းရပ်ဆိုင်းရ
16-Oct-2019



ဟောင်ကောင်၊ အောက်တိုဘာ ၁၆

ပါလီမန်ထဲတွင် အတိုက်အခံအမတ်များက ဟစ်အော်ဆူပူဆန္ဒပြကြသဖြင့် ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်း၏ နှစ်စဉ်ပြောနေကျ မိန့်ခွန်းကို ရပ်ဆိုင်းလိုက်ရကြောင်း CNA သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဥပဒေပြုကောင်စီဝင် အတိုက်အခံအမတ်များက အုပ်ချုပ်ရေးမှူး မိန့်ခွန်းတစ်ခွန်းပြောလိုက်တိုင်း လိုက်အော်ဟစ်ကာ ကြွေးကြော်သံများ ရွတ်ဆိုနေကြသည်။

ပထမအကြိမ် ကြားဝင်နှောက်ယှက်ခံရပြီးနောက် နောက်တစ်ကြိမ် မိန့်ခွန်းပြန်ပြောရင် ပြင်ဆင်ခဲ့သော်လည်း ရပ်ဆိုင်းရန် ဝိုင်းဝန်းဟစ်အော်ခံရသေးသည်။

ဥပဒေပြုပါလီမန်ထဲ စကားပြောရန်အတွက် ရပ်ဆိုင်းခံလိုက်ရပြီးနောက် မစ်စ်လမ်းသည် ရုပ်သံမှသာ မိန့်ခွန်း ပြောကြားခဲ့ရသည်။

မိန့်ခွန်းကို နှောက်ယှက်ခံရလိုက်ရခြင်းကြောင့် ဆန္ဒပြပွဲများကို ဖြစ်စေခဲ့သော တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို တရားဝင်ရုပ်သိမ်းသည့် သဘောတော့ မဖြစ်သွားခဲ့ပေ။

အဆိုပါ ဥပဒေကြမ်းကို ဇူလိုင်လက ဆိုင်းငံ့ခဲ့ကာ ဗုဒ္ဓဟူးနေ့က ဥပဒေပြုကောင်စီတွင် ပြန်လည်ဆွေးနွေးခဲ့ပြီး ဆန္ဒပြသူအမတ်များက ပါလီမန်ကို လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ခဲ့သည်။

ထို့ကြောင့် တရားခံလွှဲပြောင်းပို့ဆောင်ရေး ဥပဒေကြမ်းကို လုံးဝရုပ်သိမ်းနိုင်မည့် ပထမဆုံး ဥပဒေကြမ်း ဖြစ်ခဲ့သည်။

ဟောင်ကောင်နယ်မြေ၏ အမှုဆောင်ချုပ် ကာရီလမ်းက မိန့်ခွန်းမပြောခင်တွင် အတိုက်အခံ လွှတ်တော်အမတ်များက ထ အော်ကြပြီး စားပွဲများပေါ်သို့ မတ်တပ်ထရပ်ကြခြင်း ဖြစ်သည်။

“တောင်းဆိုချက်က ငါးခုဟေ့၊ တစ်ခုမှ မလျှော့နိုင်ဘူး” ဟု ရေးထားသော စာသားများကို အုပ်ချုပ်ရေးမှူး ရပ်နေရာ နံရံကို ပစ်ပေါက်ခဲ့ကြသည်။

ဟောင်ကောင်တွင် ဖြစ်နေသော ပြဿနာများအတွက် မစ်စ်လမ်းတွင် တာဝန်ရှိပါကြောင်း အတိုက်အခံအမတ် တန်ညာချန်းက ပြောကြားသည်။

F-02