News

POST TYPE

LATEST NEWS POST

လမ်းဘေးဂျာနယ်အရောင်းဆိုင်ကို ယာဉ်တစ်စီးဝင်တိုက် တစ်ဦးသေဆုံး
14-Oct-2019
ကလေး၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မန္တလေးမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ မောင်းနှင်လာသည့် အိမ်စီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးရှိ ဂျာနယ်အရောင်းဆိုင်ကို ဝင်ရောက်တိုက်မိသဖြင့် ဂျာနယ်ရောင်းသူ သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ သိရသည်။

ရွှေဘို-မန္တလေး သွား ကားလမ်းမပေါ် ရွှေဘိုမြို့ ဖြိုးသဇင်လက်ဖက်ရည် ဆိုင်ရှေ့တွင် ယနေ့ (အောက်တိုဘာလ ၁၄ ရက်) နံနက် ၇ နာရီ အချိန်ခန့်က မန္တလေးမြို့ဘက်မှ ရွှေဘိုမြို့သို့ မောင်းနှင်လာသည့် AD Van အမျိုးအစားယာဉ်အမှတ် YGN-3F/2140 အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဘေးတွင် ဂျာနယ်ရောင်းချရန် ဆိုင်ခင်းနေသူကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ကားဖြင့် အတိုက်ခံရသဖြင့် ဆိုင်ခင်းနေသည့် ရွှေဘိုမြို့ အမှတ် (၆) ရပ်ကွက်နေ ဦးကျော်သိန်း (၅၄) နှစ်မှာ ကားဖြင့် အတိုက်ခံခဲ့ရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အကွေ့ဆိုတော့ အရှိန်များလာတာပေါ့။ ဒီအကွေ့က တကယ်ကို အယ်လ်ချိုးကွေ့ဆိုတော့ အကွေ့မှာ အရှိန်ပါလာတော့ လမ်းတစ်ဖက်က ဂျာနယ်ဆိုင်ကို ဝင်တိုက်တာ" ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကိုအောင်ဇေယျမင်း (၂၄) နှစ်ကို ရွှေဘိုမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ယာဉ်(ပ)၄၂/၂၀၁၉ ၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၀၄-က၊ ၂၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

R-20