News

POST TYPE

LATEST NEWS POST

၀ငှးနှင့ှ ဇောအှတှကှ အသနားခံစာ အောကတှိုဘာ ၂၁ ရကတှှငှ ထိုငှးဘုရငထှံတငသှှငှးမညှ
09-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၉

လိပ်ကျွန်းလူသတ်မူနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအမြင့်ဆူံးတရားရုံးက သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အတွက် ထိုင်းနိုင်ငံရှေ့နေများကောင်စီက ပြင်ဆင်ပေးသည့် အသနားခံစာကို အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းဘုရင်ထံတင်သွင်းသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်သည်။

အဆိုပါ အသနားခံစာတင်သွင်းရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် ထိုင်းရှေ့နေများကောင်စီမှ လုပ်ငန်းအဖွဲ့အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၈ ရက်က မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသိုံတွေ့ဆုံရာတွင် ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ထားခြင်းခံရသည့် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုးတို့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အသနားခံစာတင်ရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတွင် အဓိကအားဖြင့် ထိုင်းရှေ့နေများကောင်စီမှ ပြင်ဆင်ထားသည့် အသနားခံစာ (မူကြမ်း) ကို အောက်တိုဘာ ၁၄
ရက်နေ့တွင် မြန်မာသံရုံးသို့ ပေးပို့တင်ပြမည်ဖြစ်ပြီးအဆိုပါ အသနားခံစာ (မူကြမ်း) အား မြန်မာနိုင်ငံ ဥပဒေအကြံပြုအဖွဲ့မှ အတည်ပြုချက်ရရှိပြီးပါက ထိုင်းဘုရင်ထံသို့ အောက်တိုဘာ ၂၁ ရက်နေ့တွင် တင်သွင်းမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ 

မြန်မာသံရုံးက အကျဉ်းကျ မြန်မာနိုင်ငံသားနှစ်ဦးအတွက် အသနားခံစာ တင်ပြရာတွင် လိုအပ်သည့် အထောက်အထားများဖြစ်သော မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ ယခင်က ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်များအား ထပ်ဆင့်ထောက်ခံရေးနှင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်များ ထုတ်ပေးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားညှိနှိုင်းလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကိုလည်း အချိန်နှင့်တပြေးညီ ဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ သံအမတ်ကြီးနှင့်အတူ အမှုနှင့် စပ်လျဉ်း၍ ဥပဒေပိုင်းဆိုင်ရာ အကြံပြုပူးပေါင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ စေလွှတ်ထားသည့် ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးချုပ် စိုးနိုင်ဦးတို့နှင့်အတူ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ တာဝန်ရှိသူများ၊ အလုပ်သမားသံအရာရှိ ဦးမျိုးမြင့်နိုင်နှင့် ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်တို့ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ 

စိုင်းဟန်