News

POST TYPE

LATEST NEWS POST

တရုတ်နိုင်ငံထုတ် ဂျပန်ကားများ ဝင်ရောက်လာဖွယ်ရှိ
22-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၂

တရုတ်နိုင်ငံအစိုးရက ဂျပန်နိုင်ငံမှ လာရောက်ထုတ်လုပ်နေသည့် ကားကုမ္ပဏီလေးခုကို ပြည်ပတင်ပို့ခွင့်ပြုလိုက်သည့်အတွက် ယင်းနိုင်ငံထုတ် ဂျပန်ကားများ ပြည်တွင်းသို့ မကြာမီ ဝင်ရောက်လာဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကုမ္ပဏီလေးခုမှကားများကို တင်သွင်းရန် လုပ်ငန်းရှင်အချို့က စောင့်ကြည့်နေပြီး လာမည့်တစ်လ၊ နှစ်လအတွင်း တရုတ်ထုတ် ဂျပန်ကားအမျိုးအစားအချို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်တော်ကတော့ သွင်းဖို့မရှိဘူး။ သွင်းဖို့ စောင့်နေတဲ့သူတွေတော့ ရှိတယ်။ သူတို့က ဘာစောင့်နေလဲဆိုတော့ အောက်တိုဘာ၊ နိုဝင်ဘာမှာထုတ်ပြန်မယ့် ကားမူဝါဒသစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတယ်။ အဲဒါထုတ်ပြီးရင်တော့ အများကြီး ဝယ်လာဖွယ်ရှိတယ်”ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးဌေးအောင်က ပြောကြားသည်။

လက်ရှိ ဂျပန်ကားဈေးကွက် အရောင်းအဝယ်အပြင် အခြားကားများ၏ အရောင်းအဝယ်သည် အေးစက်နေပြီး ဈေးနှုန်းမှာမူ အမြင့်ဈေးဖြင့် ငြိမ်သက်နေကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

S-04