News

POST TYPE

LATEST NEWS POST

ကျူရှင်စနစ် ပပျောက်ရေး အစိုးရကြိုးပမ်းနေကြောင်း အတိုင်ပင်ခံပြော
22-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၁

ကျူရှင်စနစ်ပပျောက်ရေး အစိုးရက ကြိုးပမ်းနေပြီး ဆရာ၊ ဆရာမအချို့က နှစ်မြို့ ခြင်းမရှိသည်ကို ကြားသိရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ယခုနှစ်တက္ကသိုလ် ဝင်စာမေးပွဲထူးချွန်စွာအောင်မြင်သူများကို ဆုချီးမြှင့်သည့်အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မိဘများငွေကြေးဝန်ထုပ်မဖြစ်စေလို၍ ကြိုးပမ်းမှုကို ဆရာအချို့က နှစ်မြို့ခြင်းမရှိကြောင်း ကြားရသဖြင့် နိုင်ငံအတွက် စိတ်မကောင်းဖြစ်ရပြီး ယင်းစိတ် ဓာတ်ကိုပယ်ဖျက်၍ ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံအတွက် စေတနာဖြင့်သင် ကြားပေးစေလိုပြီး မိမိတစ်ဦးတည်းအတွက်မလုပ်ဘဲ ကျောင်းသားများအတွက်ပါ လုပ်ပေးစေချင်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအနေအထားအရ အခြေခံပညာကျောင်းများတွင် ကျောင်းသားများ သိပ္ပံ၊ သင်္ချာဘာသာရပ်များတွင် အားကောင်းပြီး ယခင်ကထက် ပိုထူးချွန်လာသည်ကိုတွေ့ရပြီး ပြုပြင်စရာများလည်း အများအပြားပင်ရှိသေးကြောင်း အတိုင်ပင်ခံက ပြောသည်။

အဆိုပါ ဆုချီးမြှင့်သည့်အခမ်းအနား၌ ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပြည်ထောင်စုအဆင့် အောင်ချက်အကောင်းဆုံး ကျောင်း ၆၀ ကျော်နှင့် ကျောင်းသား ၁၄၀ ကျော်ကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ကျော်ဖြိုး


  • VIA