News

POST TYPE

LATEST NEWS POST

မိတ္ထီလာတွင် မူးယစ်ဆေးဝါး ရောင်းချမှုနှင့် ဆက်စပ်သူ လေးဦးကို ဖမ်းဆီး
20-Sep-2019


မိတ္ထီလာ၊ စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် စက်တင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ရပ်ကွက်လေးခုမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို စိတ်ကြွမူးယစ်ဆေးပြား ချိတ်ဆက် ရောင်းချမှုနှင့်ပတ်သက်၍ ဖမ်းဆီးယူနိုင်ခဲ့ကြောင်း ယင်းမြို့ရဲစခန်းမှ သိရသည်။

မိတ္ထီလာမြို့အမှတ် (၂) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ (၁၈) ရက် ညနေ (၃:၀၀) နာရီအချိန်ခန့်က ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၁)၊ နွယ်သာဂီလမ်းတွင် နေရှိန်းကိုကို၏ နေအိမ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးရောင်းချမှုနှင့် ပတ်သက်သူ အောင်ဇေယျာ၊ မဲကြီး (ခ) နေလွင်နှင့် ငြိမ်းငြိမ်းအောင် (ခ) မစိုးတို့သုံးဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်အား မိတ္ထီလာမြို့အမှတ် (၂) နယ်မြေရဲစခန်းတွင် ရှိန်ကိုကို၊ အောင်ဇေယျာတို့နှစ်ယောက်အား အမှတ် (၂) နယ်မြေရဲစခန်းက မယ (ပ)၂၈/၂၀၁၉ မူးစိတ်ပုဒ်မ-၁၉ (က)/၂၀(က)/၂၁ ဖြင့် သီးသန့် အမှုဖွင့်သည့်အပြင် ရှိန်းကိုကို၊ အောင်ဇေယျာ၊ မဲကြီး (ခ) နေလွင်အောင်၊ ငြိမ်းငြိမ်းအောင် (ခ) မစိုးတို့အား မယ (ပ) ၂၉/၂၀၁၉ မူးစိတ် ပုဒ်မ-၁၉ (က)/၂၀(က)/၂၁ တို့ဖြင့်လည်း အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

R-01 




  • VIA