News

POST TYPE

LATEST NEWS POST

တာလီဘန်စစ်သွေးကြွများ ဆေးရုံကို ဝင်တိုက်၊ လူ ၁၅ ဦးသေဆုံး
19-Sep-2019

ကဘူး၊ စက်တင်ဘာ ၁၉

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ထရပ်ကားကို ဆေးရုံတစ်ရုံ၏အပြင်တွင် တာလီဘန်စစ်သွေးကြွများက ဖောက်ခွဲပစ်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားခဲ့ရသည်။

ကာလတ်မြို့တွင် ဖြစ်ပွားသော အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသူအများစုမှာ ဆရာဝန်များ၊ လူနာများဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။

မီနီထရပ်ကားတစ်စင်းဖြင့် ကြီးမားသော ဗုံးတစ်လုံးကို သယ်ဆောင်လာခဲ့ပြီး ဆေးရုံနားတွင် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု အကြီးတန်း ကာကွယ်ရေးဌာနအရာရှိတစ်ဦးက Reuters သတင်းဌာနကို အတည်ပြုပေးခဲ့သည်။

အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အာဖဂန်နစ္စတန်အရပ်သား အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ရကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

အာဖဂန်အရှေ့ဖျားဒေသရှိ IS စစ်သွေးကြွများကို တိုက်ခိုက်သော စစ်ဆင်ရေးတစ်ခုအတွင်း ယင်းသို့ အရပ်သားများ သေဆုံးရခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက အာဖဂန်နစ္စတန်နိုင်ငံတွင် အနည်းဆုံး အရပ်သား ၄၇၃ ဦးသေဆုံးခဲ့ရသည်။

F-02