News

POST TYPE

LATEST NEWS POST

ကလေးမြို့၌ ရေတွင်းများ ခမ်းခြောက်မှုကြောင့် သောက်သုံးရေ အခက်တွေ့
19-Sep-2019


ကလေး၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကလေးတက္ကသိုလ်အနီးရှိ လှိုင်သာယာရပ်ကွက်၌် ရေတွင်းအချို့ ခမ်းခြောက်ခြင်းကြောင့် ဘော်ဒါဆောင်များနေ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ သောက်သုံးရေ အခက်တွေ့နေကြသည်။

ကလေးတက္ကသိုလ်အနီးရှိ အဆိုပါ ရပ်ကွက်တွင် ရေတွင်းအချို့ ခမ်းခြောက်ပြီး သောက်သုံးရေ ခက်ခဲနေသဖြင့် ကလေးလွင်ပြင်အဖွဲ့နှင့် ကမ္ဘောဇ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်း (မြန်မာ) က စက်တင်ဘာလ ၁၇ ရက်နေ့က တစ်ကြိမ် စက်တင်ဘာလ ၁၉ ရက်နေ့က တစ်ကြိမ် လာရောက်လှူဒါန်းပေးခဲ့ကြသည်။

ကလေး တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများသည် လှိုင်သာယာရပ်ကွက် အတွင်းရှိ ဘော်ဒါဆောင်များတွင် အများဆုံးနေထိုင်ကြခြင်းဖြစ်ပြီး ရေတွင်းများ ခမ်းခြောက်ခြင်းကြောင့် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများ သုံးရေ မလုံလောက်သည့် ပြသနာနှင့် ရင်ဆိုင်နေကြခြင်းကြောင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေ လုံလောက်စွာ သုံးစွဲနိုင်ရေး လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း ရေလှူပေးနေသည် ကလေးလွင်ပြင်အဖွဲ့မှ ဦးတင်အောင်ဆင့်က ပြောသည်။

“တစ်ရပ်ကွက်လုံးက ရေတွင်းအားလုံး ခမ်းတာတော့ မဟုတ်ဘူး။ အနောက်ဖက်ခြမ်းက တွင်းတွေတော့ ခမ်းတယ်။ လူအများကြီးရှိတဲ့ အဆောင်တွေ ဆိုရင်တော့ ရေမလုံလောက်တော့ဘူးပေါ့။ ဒါပေမယ့် ရပ်ကွက်အတွင်းထဲက သစ်တောရုံးဝန်းထဲမှာ ရေတွင်းရှိတယ်။ အဲ့ဒီကနေတော့ သုံးရေကို ကြိုက်သလောက် ခပ်သုံးလို့ရအောင် စီစဉ်ပေးထားတယ်”ဟု လှိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလန်ရန်ခုတ်က ပြောသည်။

နေ့အပူချိန်များ ဆက်တိုက် မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်းဒဏ်ကို ယခုနှစ်တွင် ကလေးမြို့နယ်အတွင်း ကြုံံတွေ့နေရပြီး နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း အဆိုးရွာဆုံး မိုးခေါင်မှု ဖြစ်ပေါ်ခဲ့သည်။




  • VIA