News

POST TYPE

LATEST NEWS POST

မသန်စွမ်းရုံးတွင် ခြေတုလာပြင်သည့် ဇနီးမောင်နှံ၏ လက်ဝတ်ရတနာများ အခိုးခံရ
18-Sep-2019

တောင်ငူ၊စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၂၀ ရပ်ကွက် ဒယ်စုလမ်း ခြေတုလက်တု ပြုပြင်ရေး (မသန်စွမ်းရုံး) တွင် ခြေတုလက်တုလာရောက်ပြုပြင်သည့် ဇနီးမောင်နှံသည် ကျပ် သိန်း ၈၀ ကျော် တန်ဖိုးရှိသည့် ရွှေငွေလက်ဝတ်ရတနာများကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်က ပျောက်ဆုံးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အုန်းနှဲစံပြ ကျေးရွာနေ ဦးညွှန့် ဝင်းနှင့်ဇနီးဖြစ်သူ ဒေါ်ခင်ချိုပြုံးတို့ နှစ်ဦးသည် ခြေတုအသစ်လဲလှယ်ရန် မသန်းစွမ်းရုံးတွင် လာရောက်တည်းခိုနေထိုင်နေစဉ် ကျပ်သိန်းလေးဆယ်ခန့့် တန်ဖိုးရှိသုံးကျပ်ခွဲသားဆွဲကြိုးနှင့်ဆွဲပြား တစ်ခု၊ကျပ်ဆယ့်နှစ်သိန်းခန့်ရှိ ဆွဲကြိုးတစ်ကုံး၊ ကျပ်လေးသိန်းခန့်ရှိ လက်စွပ်တစ်ကွင်း၊ ခြောက်သိန်းခန့်တန်ဖိုးရှိ လက်စွပ်တစ်ကွင်း အပါအဝင် ကျပ်သိန်းရှစ်ဆယ်ခန့် တန်ဖိုးရှိသည့် ရွှေငွေလက်ဝတ်ရတနာများ ထည့်ထားသည့် လက်ကိုင်အိတ်တစ်လုံး ပျောက်ဆုံးခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း ရဲစခန်း၏ ကနဦးစစ်ဆေးချက်အရ သိရသည်။

အမှုနှင့်ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းမှ (ပ) ၁၀၂၈/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးနေသည်။

R-15