News

POST TYPE

LATEST NEWS POST

ကြည့်မြင်တိုင်တွင် အမျိုးသမီးတစ်ဦး သေတမ်းစာရေးပြီး ကြိုးဆွဲချသေဆုံး
17-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၇

ကြည်ြ့မင်တိုင်မြို့နယ်၊ သရက်တော (၄) လမ်းရှိ လေးလွှာတိုက်ခန်းတွင် စက်တင်ဘာ ၁၆ ရက် ညပိုင်းက အမျိုးသမီးတစ်ဦး သေတမ်းစာရေးပြီး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၃၃ နှစ် အမျိုးသမီးမှာ ၎င်းနေထိုင်သည့် လေးလွှာတိုက်ခန်းအတွင်း ကြိုးဆွဲချ သေဆုံးခဲ့သဖြင့် စစ်ဆေးရာ သေဆုံးသူ၏ အနီးတွင် “အားလုံးကို နှုတ်ဆက်ပါတယ်။ အကြိမ်ကြိမ်ကြိုးစားရပါတယ်။ ဒီလောက်နဲ့ဘဲ အရှုံးပေးလိုက်ပါတယ်”ဟု ရေးထားသည့် စာတစ်စောင်ကို တွေ့ရှိခဲ့သည်။

ကြိုးဆွဲချ သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပီအာရ် ၀၈၀ ဖြင့် လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိရန် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၉ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူဦးရေထူထပ်လှသည့် ရန်ကုန်တိုင်းဒေသကြီးတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရသူအချို့မှာ ကြိုးဆွဲချ၍ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ သေမှုသေခင်းဖြစ်စဉ်များထံမှ သိရှိရသည်။

S-03