News

POST TYPE

LATEST NEWS POST

ဆော်ဒီရေနံကွင်းတိုက်ခိုက်ခံရမှု အီရန်ပါဝင်နေသည်ဟု အမေရိကန်ဆို
17-Sep-2019



ရီယက်ဒ်၊ စက်တင်ဘာ ၁၇

ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ရေနံစက်ရုံဝင်းကြီးများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်၏ နောက်ကွယ်တွင် အီရန်ရှိနေကြောင်း အမေရိကန်ပြည်ထောင်စုက ဂြိုဟ်တုဓာတ်ပုံများ၊ ထောက်လှမ်းရေး သတင်းများကို အခြေခံကာ ပြောကြားလိုက်သည်။

စနေနေ့တွင် ဖြစ်ပွါးခဲ့သော လေကြောင်းမှ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်သွားမှုအပေါ် အီရန်က ၄င်းတို့ ပါဝင်မှုမရှိကြောင်း ငြင်းဆန်ခဲ့သည်။

ဆော်ဒီရေနံကွင်းများကို တိုက်ခိုက်သွားခဲ့သည့် လုပ်ရပ်ကို ၄င်းတို့ ပြုလုပ်ခဲ့သည်ဟု အီရန်၏ မဟာမိတ် ဟော်သီသူပုန်များက ပြောကြားခဲ့သည်။

ဟော်သီသူပုန်များ၏ လက်ချက်ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ ကောင်းသည်ဟု အမည်မဖော်လိုသော အမေရိကန်အရာရှိများက မီဒီယာများကို ပြောကြားခဲ့သည်။

ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု၏ ၅ ရာခိုင်နူန်း လျော့ကျခဲ့ကာ ဈေးနူန်းများလည်း တက်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်ကို တိုက်ရိုက်စွပ်စွဲခြင်း မရှိသော်ငြား ကျူးလွန်သူများကို စစ်ရေးအရ အရေးယူသွားမည်ဟု ပြောဆိုထားသည်။ 

F-02