News

POST TYPE

LATEST NEWS POST

ကုမ္ပဏီ ၁၈၄ ခုကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
15-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၅

ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကုမ္ပဏီ ၁၈၄ ခုကို ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယင်းကုမ္ပဏီများကို အမိန့်ကြေညာစာထုတ်ပြန်သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကို မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၃ မှ ပုဒ်မ ၂၀၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ကြောင်း တင်ပြလာသည့် ကုမ္ပဏီ ၁၈၄ ခုကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ (၁၈/၂၀၁၉) ကြိမ်မြောက်အစည်းအဝေး သဘောတူ ဆုံးဖြတ်ချက်အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ပယ်ဖျက်လိုက်သည့် ကုမ္ပဏီများတွင် တည်ကြည်ကုမ္ပဏီ၊ ဂျားနီးစ်လီမိတက်၊ ဟပ် (ဘ်) ထရေးဒင်း ကုမ္ပဏီလီမိတက်၊ တီအင်(န်) ဒဗလျူဂရု(ပ်)ကုမ္ပဏီလီမိတက်၊ တူဒေးပရင်းတင်းကုမ္ပဏီလီမိတက်၊ နိုဘယ်(လ်)ဖာနစ်ချာ ကုမ္ပဏီလီမိတက်၊ အေးရှဘစ်(စ်)နက်(စ်) စတားကုမ္ပဏီလီမိတက်၊ La Source Trading Ltd.၊ Eternity Trading Co., Ltd.၊ အီတာနီတီထရေးဒင်း ကုမ္ပဏီလီမိတက်နှင့် ပီကေနီတီထရေး ဒင်း ကုမ္ပဏီလီမိတက်တို့ဖြစ်သည်။

“စက်မှုဇုန်တွေမှာတော့ အလုပ်သမားကိစ္စတွေ အခက်အခဲဖြစ်တယ်။ လုပ်ငန်းတစ်ခုလုပ်မယ်ဆို အချိန်တွေက တအားကြာတယ်။ အခြေခံအဆောက်အဦတွေကလည်း မပြည့်စုံတော့ ကုန်ကျစရိတ်တွေကပိုများတယ်။ မြန်မာနိုင်ငံ ဈေးကွက်က နိုင်ငံခြားတွေလောက်မကြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေဘက်ကကြည့်ရင် စီးပွားရေးက သိပ်ကောင်းတယ်တော့ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းက သုံးသပ်ပြောကြားသည်။

ထို့ပြင် P.K.M Technology Ltd.၊ မြန်မာနိုဗိုစတီးကုမ္ပဏီလီမိတက်၊ ရွှေယုန်မင်းကုမ္ပဏီလီမိတက်၊ တောက်ပ တိုးပွားသော အထည်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၊ နွေဦးပန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ မြန်မာသီဟရောင်းဝယ်ရေးကုမ္ပဏီလီမိတက်၊ ဝေမိသားစုဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်၊ ကမ္ဘာ့တင်းပုတ်လုပ်ငန်းများကုမ္ပဏီလီမိတက်၊ မြန်မာတကောင်း ကျောက်မျက်ကုမ္ပဏီလီမိတက်၊ စရဏထုတ်လုပ်မှုကုမ္ပဏီလီမိတက်တို့လည်း ပါဝင်သည်။

ထိပ်တန်းဆေးပစ္စည်းကုမ္ပဏီလီမိတက်၊ မြန်မာနည်းပညာ အင်ဂျင်နီယာမှုဆိုင်ရာ ကုမ္ပဏီလီမိတက်၊ ခရီးသွားဇုန် ခရီးသွားလုပ်ငန်းကုမ္ပဏီလီမိတက်၊ ရတနာ အရင်းအမြစ်များကုမ္ပဏီလီမိတက်၊ အလှဆင် ကျောက်မျက်ကုမ္ပဏီလီမိတက်၊ အာနို (မြန်မာ) ကုမ္ပဏီလီမိတက်၊ တိုးတက်စိမ်းလန်းကုမ္ပဏီလီမိတက်၊ ရွှေမြန်မာထောက်ပံ့ပို့ဆောင်ရေးအခြေစိုက် စခန်းကုမ္ပဏီလီမိတက်၊ ရေကြည်ဦး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် ယူနိုက်တက်တာယာဂရုပ်ကုမ္ပဏီလီမိတက်တို့ဖြစ်သည်။

J-11