News

POST TYPE

LATEST NEWS POST

ဝက်အူလှည့်ဖြင့် ထိုးရန်ကြံစည်သူ နှစ်ဦးကို ဒေါက်တာ မြဝတ်ရည် အမှုဖွင့်
12-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၂

ဖေ့စ်ဘွတ်စာမျက်နှာပေါ်၌ မကြာခဏ Live လွှင့်တတ်သူ ဒေါင်တာ မြဝတ်ရည်အား မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်၊ ဦးရေခဲလမ်းတွင် ဝက်အူလှည့်ဖြင့်ထိုးရန် ကြံစည်သူနှစ်ဦးကို အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆရာဝန် ဒေါက်တာ မြဝတ်ရည် (၃၆) နှစ်မှာ မီးသတ်စခန်းရှေ့တွင် ကားရပ်နားသည့် ကိစ္စနှင့်ပတ်သက်၍ မီးသတ်ဝန်ထမ်းအချို့နှင့် စကားအချေအတင် ဖြစ်ခဲ့စဉ် ယင်းဖြစ်စဉ်အချို့ကို ၎င်းအသုံးပြုနေသည့် ဖေ့စ်ဘွတ်ခ် အကောင့်၌ live လွှင့်တင်ခဲသူဖြစ်ပြီး ဝက်အူလှည့်ဖြင့် ထိုးခံရမည်ဟု ရန်ရှာခံရသည့် ဖြစ်စဉ်တွင်လည်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် Live လွှင့်၍ ဝမ်းနိုင်းနိုင်း ဖုန်းနံပါတ်ထံ ဖုန်းဆက် အကူအညီတောင်းဆိုခဲ့သည်။

ဖေ့စ်ဘွတ်ခ် ဆဲလ်လီဟု ပြောဆိုကာ ဝက်အူလှည့်ဖြင့် ထိုးရန် ကြံစည်ခဲ့သူဟုဆိုသော အမည်မသိ အမျိုးသားနှစ်ဦးမှာ စက်တင်ဘာ ၉ ရက် ညပိုင်းက ဒေါက်တာ မြဝတ်ရည်အား ဆဲဆိုပြီး ဝက်အူလှည့်ဖြင့် ထိုးရန် ကြံစည်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အမှုဖွင့်တိုင်ကြားသူ ဒေါက်တာမြဝတ်ရည်မှာ အခင်းဖြစ်ညက ဧည့်သည်လာ၍ ၎င်းနေထိုင်ရာ ဦးရေခဲ ကွန်ဒိုမှ လမ်းတစ်ဖက်တွင် ရပ်ထားသော မော်တော်ယာဉ်ဆီသွားပြီး ယာဉ်အား မောင်းနှင်စဉ် Swift အမျိုးအစား ယာဉ်တစ်စီးမှာ မောင်းနှင်လာသဖြင့် ၎င်း၏ ယာဉ်ကို လမ်းဘေး ဓာတ်မီးတိုင်အောက်တွင်ရပ်တန့်ပေးခဲ့သည်။

ယာဉ်အား ရပ်တန့်ထားစဉ် Swift အမျိုးအစား အနက်ရောင် ယာဉ်ပေါ်မှ အဖြူရောင်တီရှပ် အင်္ကျီဝတ်ဆင်ထားသူ အမျိုးသားက ဒေါက်တာ မြဝတ်ရည်ကို “ရွှတ်” “ရွှတ်”ဟု ခေါ်၍ နှုတ်ခမ်းကို ဆူပြပြီး အနက်ရောင် တီရှပ်ဝတ်ဆင်ထားသော အမျိုးသားက“ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ ကားပေါ်လာတက်လေ သွားရအောင်”ဟု အော်ပြောသဖြင့် မူးနေရင်လည်း မိန်းကလေးတွေအား လိုက်မနှောက်ယှက်ရန် ဒေါက်တာ မြဝတ်ရည်က ပြန်ပြောခဲ့သည်ဟု ရဲတပ်ဖွဲ့ထံတိုင်ကြားထားသည်။

ယင်းသို့ ပြောဆိုစဉ် Swift ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားလေးဦးထဲမှ နှစ်ဦးက ဒေါက်တာမြဝတ်ရည်ကို ညစ်ညမ်းသည့် စကားလုံးများဖြင့် ပြောဆိုပြီး ဝက်အူလှည့်ဖြင့် ထိုးရန် ကြံစည်ခဲ့သောကြောင့် ၁၉၉ ထံ ဖုန်းဆက်ပြီး ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခဲ့ရသည့် ဖြစ်စဉ်ကို ဒေါက်တာ မြဝတ်ရည်က ၎င်းအသုံးပြုနေသော ဖေ့စ်ဘွတ်ခ်အကောင့်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါက်တာ မြဝတ်ရည်က တရားလိုပြု တိုင်ကြားလာသဖြင့် မရမ်းကုန်း ဘုရင့်နောင်နယ်မြေရဲစခန်းမှ (ပ) ၁၅၅၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/ ၃၅၂ ဖြင့် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက အမှုဖွင့်ပြီး အမှုစစ်

ဒုရဲအုပ် မျိုးသူအောင်မှ တရားခံများကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA