News

POST TYPE

LATEST NEWS POST

၀ငှးနှင့ဇှောလှှတမှှောကရှေး အာဆီယံအရပဘှကအှဖှဲ့မှားညီလာခံတှငှ မှနမှာ ၂၀ ကှောကှ တောငှးဆို
12-Sep-2019


ဘန်ကောက်၊ စက်တင်ဘာ ၁၁

လိပ်ကျွန်းလူသတ်မှုကျူးလွန်သည်ဆိုကာ သေဒဏ်ပေးထားခံရသော ရွှေ့ပြောင်းမြန်မာလုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံတွင်ပြုလုပ်နေသည့် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံ ညီလာခံတွင် မြန်မာအရေးတက်ကြွလှုပ်ရှားသူ မြန်မာ ၂၀ ကျော်က သဘောထားထုတ် ဖော်တောင်းဆိုခဲ့ကြသည်။ 

အဆိုပါတောင်းဆိုလှုပ်ရှားမှုကို အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ တရားဥပဒေ အရေး၊ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်နေသည့် ၂၀၁၉ အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများညီလာခံ ဒုတိယနေ့၊ စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းညီလာခံသို့ တက်ရောက်နေသည့် ညီမျှခြင်း (မြန်မာ) အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဒီအန်အေက ပထမအကြိမ် မှားတယ်ဆိုပြီး စစ်ဆေးထားတယ်။ ထိုင်းရှေ့နေများကောင်စီကလည်း ဝင်းနဲ့ဇော်ကို ဖိအားပေးဝန်ခံခိုင်းထားတဲ့ ပုံသဏ္ဌာန်ရှိတယ်လို့ ပြောထားဖူးပါတယ်။ ဒီကြောင့် ဒီလှုပ်ရှားမှုကို ပြုလုပ်တာပါ”ဟု ပြောကြားသည်။

ယင်းသို့ တောင်းဆိုလှုပ်ရှားသည့်အပြင် ညီလာခံသို့ တက်ရောက်လာသည့် အခြားသောနိုင်ငံများမှ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များကိုလည်း ဖြစ်စဉ်ကို ရှင်းလင်းပြောကြားကာ ဝင်းနှင့်ဇော်လွတ်မြောက်ရေး သဘောထားလက်မှတ်ကောက်ခံပြီး ထိုင်းဘုရင်မင်းမြတ်ထံ ဆက်လက်တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းလှုပ်ရှားမှု ဦးဆောင်သူများထံမှ သိရသည်။ 

ဝင်းနှင့်ဇော်ကိစ္စနှင့်ပတ်သက်ပြီး ပြောရမည်ဆိုပါက တရားစီရင်ရေးနှင့် ပတ်သက်နေသည့်အပြင် မူလစတင်ပြီး ဖမ်းဆီးခံရစဉ်မှ တရားစွဲဆိုထားချိန်အထိ ပါဝင်ပတ်သက်ထားခြင်းမရှိသဖြင့် ယခုမှ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားအခွင့်ရေးဆိုင်ရာ မြှင့်တင်ရေးအဖွဲ့ (Labor Promotion  Network) တာဝန်ရှိသူ Somopong Srakaew က ၎င်း၏သဘောထားကို ပြောကြားသည်။

ဗြိတိန်နိုင်ငံသားနှစ်ဦး ထိုင်းနိုင်ငံတွင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးက အယူခံကို ပယ်ချ၍ အောက်ရုံးများ၏ ဆုံးဖြတ်ချက်အတိုင်း သေဒဏ်ကျခံစေရန် ဩဂုတ်လ ၂၉ ရက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်၍ ရန်ကုန်မြို့တွင်လည်း ၎င်းတို့နှစ်ဦးပြန်လွတ်ရေး မြန်မာအစိုးရက မေတ္တာရပ်ခံစာ ပေးပို့ရန် တောင်းဆိုမှုများပြုလုပ်ခဲ့သေးသည်။

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ နှစ်ဦး ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေစဉ် ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလဆန်းတွင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသဖြင့် အယူခံ အဆင့်ဆင့်တက်ခဲ့သော် ယခုနှစ်ဩဂုတ်လကုန်ပိုင်းတွင် အမြင့်ဆုံးတရားရုံးက အယူခံကိုပယ်ချပြီး သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့သည်။ 

R-15



  • VIA