News

POST TYPE

LATEST NEWS POST

ရွှေကျင်မြို့အနိမ့်ပိုင်း ရပ်ကွက်များ ရေမြုပ်
12-Sep-2019


တောင်ငူ၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် မိုးများစွာရွာသွန်းမှုကြောင့် ရွှေကျင်မြစ်နှင့်စစ်တောင်းမြစ်ရေတို့သည် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ကာ အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောကြားသည်။



“ပထမတစ်ကြိမ်ရေကြီးတုန်းကတော့ ကယ်ဆယ်ရေးစခန်းဖွင့်တယ်။ အခုတော့ စောင့်ကြည့်နေတုန်းပါ” ရွှေကျင်မြို့ခံ ဦးအောင်ဆက်ပိုင်က ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ယနေ့ (စက်တင်ဘာလ ၁၂) နံနက် ၈ နာရီခွဲတိုင်းတာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ စိုးရိမ်ရေမှတ် ၇၀၀ အထက် ၇၄၂ စင်တီမီတာတွင် ရောက်ရှိနေပြီး စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ စိုးရိမ်ရေမှတ် ၁၀၇၀ အထက် ၁၁၉၈ ရောက်ရှိနေသည်။

R-15


  • VIA