News

POST TYPE

LATEST NEWS POST

အမြန်လမ်းတွင် Surf တစ်စီး တိမ်းမှောက် ရဟန်းတစ်ပါးအပါအဝင် လေးဦး သေဆုံး
25-Aug-2019


ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

တောင်ငူ၊ သြဂုတ်၂၅

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၇၀ အနီးတွင် (ယနေ့) သြဂုတ်၂၅ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်က Surf အမျိုးအစား မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာ ရဟန်းတစ်ပါးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှသိရသည်။

“ယာဉ်မောင်းအပါအဝင် လေးဦးသေဆုံးတယ်။ ရဟန်းတစ်ပါးနဲ့ အကူယာဉ်မောင်း ဒဏ်ရာရတယ်”ဟု သာဂရအမြန်လမ်းရဲစခန်းမှ အရာရှိသူတစ်ဦးက ပြောသည်။

ဘိုဘို ခေါ် ဖြိုးသူဟိန်း (၃၂ နှစ်) မောင်းနင်လာသော အဆိုပါယာဉ်ပေါ်တွင် ရဟန်းနှစ်ပါးနှင့် ယာဉ်မောင်း အပါအဝင် အမျိုးသားလေးဦး လိုက်ပါလာပြီး နေပြည်တော်မှရန်ကုန်ဘက်သို့ မောင်းနင်လာနေစဉ် မိုင်တိုင် ၁၇၀ နှင့် ၆ ဖာလုံ အရာက်နောက်ဘီးပြုတ်ထွက်ပြီး ပက်လက်လန် တိမ်းမှောက်ခဲ့ရာ ရဟန်းတစ်ပါး၊ ယာဉ်မောင်း အပါအဝင် အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သာဂရအမြန်လမ်းရဲစခန်းမှသိရသည်။

ယာဉ်မတော်တစ်ဆမှုပတ်သက်ပြီး ယာဉ်မောင်း ဘိုဘို ခေါ် ဖြိုးသူဟိန်းကို သာဂရအမြန်လမ်းရဲစခန်းက ယာဉ် (ပ)၂၂/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်လှစ်စစ်ဆေးနေသည် ။

R-15