News

POST TYPE

LATEST NEWS POST

ထိုင်ဝမ်ကို လက်နက်ရောင်းသည့်အတွက် အမေရိကန်ကုမ္ပဏီများကို စီးပွားရေး ပိတ်ဆို့မည်ဟု တရုတ်ဆို
22-Aug-2019


ဘေဂျင်း၊ သြဂုတ် ၂၂

ထိုင်ဝမ် ကျွန်းသို့ ဖိုက်တာဂျက်များနှင့် အခြား စစ်လက်နက် ကိရိယာများ ဒေါ်လာ ၈ ဘီလီယံဖိုး ရောင်းချမည်ဟု အမေရိကန်အစိုးရက သဘောတူလိုက်ပြီးနောက် အမေရိကန်ကုမ္ပဏီများကို စီးပွားရေး ပိတ်ဆို့မည်ဟု တရုတ်အစိုးရက တန်ပြန်ခြိမ်းခြောက်လိုက်သည်။

လက်နက်ရောင်းချမှုကို ဆက်လုပ်နေမည်ဖြစ်ပါက အမေရိကန်ကို စီးပွားရေး ပိတ်ဆို့မည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ ဂန်ရွှမ်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ထိုင်ဝမ်နှင့် စစ်ရေးအရ အဆက်အသွယ်ကို ရပ်ဆိုင်းသင့်ပါကြောင်း ဂန်ရွှမ်းက ပြောကြားသည်။

ထိုင်ဝမ်ကျွန်းကို အမေရိကန်ကာကွယ်ရေးကော်ပိုရေးရှင်းအေဂျင်စီက ဖိုက်တာဂျက် F-16 နှင့် ဆက်စပ်စစ်လက်နက်များ ရောင်းချရန် သဘောတူညီကြောင်း အမေရိကန်ဘက်က ထုတ်ပြန်ထားသည်။

ထိုင်ဝမ်ကို လက်နက်ရောင်းပေးသော အမေရိကန်ကုမ္ပဏီများသည် တရုတ်တွင် စီးပွားရေးလုပ်မည် မဟုတ်သဖြင့် တရုတ်၏ ပိတ်ဆို့အရေးယူမှုက ၎င်းတို့အပေါ် မသက်ရောက်နိုင်ဟု ကာကွယ်ရေးဆိုင်ရာ သုံးသပ်သူ ဒါရက်ဂရော့စ်မန်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပြည်တွင်းစစ်အတွင်းက တရုတ်ပြည်မမှ ၁၉၄၉ တွင် ခွဲထွက်ထားပြီး သီးခြားအုပ်ချုပ်လျက်ရှိသည်။

F-02