News

POST TYPE

LATEST NEWS POST

စဉ့်ကိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားရောင်းချသူ သားအမိကို ဖမ်းမိ
21-Aug-2019
မန္တလေး၊ ဩဂုတ် ၂၁

ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ သပြေရိုးကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဩဂုတ်လ ၁၉ ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၇၀ ကိုတွေ့ရှိသိမ်းဆည်းမိပြီး သားအမိနှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမူးယစ်တပ်ဖွဲ့စု ၁၇ မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သပြေရိုးကျေးရွာရှိ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင် ဒေါ်သန်းဆွေက သားဖြစ်သူ ဝေဖြိုးအောင်ကို အထုပ်တစ်ထုပ်ပေးလိုက်ပြီး ဝေဖြိုးအောင်က နေအိမ်ခြံဝင်းထောင့် အိမ်သာဘေးသို့ပြေး၍ လွှင့်ပစ်လိုက်သည်ကို တွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀ ပြား၊ အလေးချိန် (၇) ဂရမ်၊ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ငယ်အတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား အလေးချိန် ၂၀ ဂရမ်၊ စုစုပေါင်း ၂၇၀ ပြား အလေးချိန် ၂၇ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း စဉ့်ကိုင်ရဲစခန်းထံမှ သိရသည်။

ယင်းသို့ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ဒေါ်သန်းဆွေနှင့် သားဖြစ်သူ ဝေဖြိုးအောင်တို့ကို စဉ့်ကိုင်မြို့မရဲစခန်းတွင် မယ (ပ) ၁၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

M-01