News

POST TYPE

LATEST NEWS POST

H1N1 ကြောင့် သေဆုံးသူ ဆက်တိုး၊ ၁၀၀ ပြည့်ရန် တစ်ဦးသာလို
20-Aug-2019
ရန်ကုန်၊ သြဂုတ် ၂၀

ရာသီတုပ်ကွေးရောဂါ(H1N1)ကြောင့် သေဆုံးသူဦးရေမှာ ထပ်မံတိုးလာပြီး ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ၉၉ ဦးအထိ သေဆုံးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

H1N1 ကြောင့် သေဆုံးသူဦးရေသည် သြဂုတ်လ ၁၆ ရက်နေ့အထိ ၉၆ ဦးရှိခဲ့ရာမှ ၁၉ ရက်နေ့သို့ရောက်ရှိချိန်တွင် ၃ ဦးထပ်တိုးလာခဲ့ပြီး သေဆုံးသူ ၉၉ ဦးအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

သေဆုံးသူထပ်တိုးလာသည့်စာရင်းအတွင်း ပဲခူးတိုင်းက တစ်ဦး၊ ရခိုင်ပြည်နယ်က တစ်ဦးနှင့် တနင်္သာရီတိုင်းတွင် ပထမဆုံးအနေဖြင့် တစ်ဦးစတင်သေဆုံးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရာသီပေါ်တုပ်ကွေးရောဂါဖြစ်ပွားသူမှာလည်း သုံးရက်အတွင်း ၈ ဦးအထိ တိုးလာခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ၅၅၂ ဦးအထိရောဂါဖြစ်ပွားထားသည်။

သို့သော် ၂၀၁၇ ခုနှစ်က ဒီရောဂါ စတင်ဖြစ်ပွား၊ သေဆုံးခဲ့သည့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မူ ယခုအချိန်အထိ ယင်းရောဂါဖြစ်ပွား၊ သေဆုံးသူမရှိသေးပေ။

ရာသီပေါ်တုပ်ကွေးရောဂါ(H1N1)သည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ၂၀၁၇ ခုနှစ်က ယင်းရောဂါကို ထဲထဲဝင်ဝင်သိရှိလာခဲ့ကာ ယင်းနှစ်အတွင်း သေဆုံးသူဦးရေမှာ ၃၈ ဦးရှိခဲ့သည်။

S-04