News

POST TYPE

LATEST NEWS POST

ဥက္ကံမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင်ဝင်ရောက် နေအိမ်တစ်လုံး ပျက်စီး
17-Aug-2019
တိုက်ကြီး၊ သြဂုတ် ၁၇

တိုက်ကြီးမြို့နယ်ဥက္ကံမြို့ ကင်းမတီးကျေးရွာအုပ်စုတွင် ယနေ့ (သြဂုတ်လ ၁၇ ရက်နေ့) နံနက် ၃ နာရီအချိန်တွင် တောဆင်ရိုင်းတစ်ကောင်ဝင်ရောက်မူကြောင့် နေအိမ်တစ်လုံးပျက်စီးကြောင့် ကင်းမတီးကျေးရွာ ဒေသခံတစ်ဦးကပြောကြားသည်။

“ကျွန်တော်တို့ ကျေးရွာသားတွေ ဝိုင်းပြီးခြောက်မောင်းရတယ် ရွာမြောက်ဘက်ကနေ အိတ္တလူးကျေးရွာဘက်ကို သွားတော့ အဲကျေးရွာက နေအိမ်တစ်လုံး ဖျက်စီးခံရတယ် ခုတွေ့တဲ့တောဆင်ရိုင်းက ခါတိုင်းတွေတဲ့ အကောင်ထက်ပိုကြီးတယ်”ဟု ၎င်းက ဆိုသည်။

တောဆင်ရိုင်းသည် ရွာဘက်ကို ဦးတည်းလာသည်ကို မြင်သည့်အတွက် နေအိမ်အမြင့်ရှိသော အိမ်ပေါ် မိသားစုအလိုက် တတ်ပြေးကြသည့်အတွက် အန္တရာယ်မဖြစ်သော်လည်း ယင်းဆင်ရိုင်းမှာ အစာငတ်နေပုံစံဖြစ်နေကာ နေအိမ်အတွင်းရှိ အစာများဝင်စားပြီး နေအိမ်များ ဖျက်စီးသွားဖြစ်ကြောင်း နေအိမ်ပျက်စီးသွားသော ဦးတင်ရွှေက ပြောပြသည်။

တောဆင်ရိုင်းသည့် လူများအား အသက်အန္တရယ်ပေးမူများ မရှိသည့်အပြင် မီးဒုတ်များတီးခြင်း၊ သံဗုံးများတီးခြင်း ဗြောက်အိုးများဖြင့်လည်းဖောက်၍ ခြောက်မောင်းသော်လည်း ယဉ်ပါးနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

၂၀၁၉ ခုနှစ် ဇွန်လ ပထမပတ်တွင် ၂ ဦး အနင်းခံသေဆုံးနေကြောင်း တိုက်ကြီးမြို့နယ် ရဲမှတ်တမ်းများအရသိရသည်။

R-19