News

POST TYPE

LATEST NEWS POST

ဂျိုင်းတံတားတွင် ယာဉ်ငယ်များစတင်ဖြတ်သန်းခွင့်ပြု
13-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၃

ရေကြီးရေလျှံမှုများကြောင့် သွားလာရန်ပိတ်ပင်ထားသည့် ဂျိုင်းတံတားကို ကုန်မပါယာဉ်ငယ်များ ယနေ့ (ဩဂုတ်လ ၁၃ ရက်) နံနက်ပိုင်းမှစ၍ ပြန်လည်သွားလာခွင့်ပြုပြီဖြစ်ကြောင်း အဝေးပြေးကုန်စည် ပို့ဆောင်ရေးအသင်းထံမှ သိရသည်။

မြဝတီမှ ထိုင်းနိုင်ငံသို့ အိတ်စ်ပို့များအတွက် သွားလာမှုများသည့် ဂျိုင်းတံတားတွင် ဩဂုတ်လ ၁၂ ရက်နေ့အထိ ပိတ်ထားပြီး ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ယာဉ်ငယ်များကို အလှည့်ကျစနစ်ဖြင့် သွားလာနေခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“လမ်းကအခုမှစပြီး သွားလာခွင့်ပြုလို့ တစ်စီးနဲ့တစ်စီး တစ်နာရီလောက်အချိန်စောင့်ရတယ်။ ရေကပြန်ကျနေပေမယ့် ပိတ်နေတဲ့ကားတွေများလို့ ဖြည်းဖြည်းချင်းပဲ သွားနေရတယ်”ဟု ဂျိုင်းတံတားတွင် ဖြတ်သန်းသွားလာရန် စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်မောင်း ဦးမျိုးမင်းက ပြောဆိုသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းအချို့ ပိတ်ဆို့ခဲ့ပြီး ဩဂုတ်လ ၁၃ ရက်နေ့တွင်မူ ရန်ကုန်-မော်လမြိုင်-ရေး-မြိတ်လမ်း (သံဖြူဇရပ်- ရေးအပိုင်း) ဝယ်ဝင်္ကရာ တံတားညီနောင် ချဉ်းကပ်လမ်းများ၊ ဘားအံ-အိန္ဒုလမ်း (မြပြည်-ဝဲကနင်) ယာယီတံတားများဖြင့် သွားလာခွင့်ပြုပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်


  • VIA