News

POST TYPE

LATEST NEWS POST

ခင်ပွန်းကို ဇနီးနှင့် မိသားစုဝင်များက သတ်ဖြတ်အလောင်းဖျောက်
13-Aug-2019

ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့

တောင်ငူ၊ သြဂုတ် ၁၃

ကဝမြို့နယ်တွင် ပြီးခဲ့သည့်တစ်ပတ်ခန့်က ခင်ပွန်းကို ဇနီးနှင့် မိသားစုဝင်များက သတ်ဖြတ်ပြီး အလောင်းကိုဖျောက်စွန့်ပစ်ခဲ့ရာ ၎င်းတို့ကို အခင်းဖြစ်ပြီး ၆ ရက်အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သြဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ကဝမြို့နယ် အထုံကျေးရွာနေ ဦးခင်မောင်ကြည် (၄၆နှစ်) ကို မိသားစုဝင်များက သြဂုတ်လ ၄ ရက်တွင် ရိုက်နှက် သတ်ဖြတ်ပြီး ကမ်းမြောင်ကျေးရွာ ဆည်မချောင်းကမ်းစပ်၊ သမန်းပင်ခြုံကြားစွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရုဘုရားနှင့်ကံဘဲ့ရွာကြား ကြက်ရိုးရေချမ်းစဉ်အနီး၌ ဆိုင်ကယ်မောင်းလာသည့် ဦးခင်မောင်ကြည် (၄၆ နှစ်) ကို ဇနီး ဒေါ်ခင်မာကြည်၊ သမီးဖြစ်သူ မသက်မာခိုင်၊ သားကိုရန်နိုင်အောင်နှင့် သမက် ကိုဝက်ကြီးတို့က သတ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်မာကြည်ကို ညှဉ်းပမ်းနှိပ်စက်သဖြင့် မကျေနပ်၍ ယင်းသို့လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

အမှုနှင့်ပတ်သက်ပြီး ဒေါ်ခင်မာကြည်အပါအဝင် မိသားစုဝင်လေးဦးကို ကဝမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15