News

POST TYPE

LATEST NEWS POST

ပေါင်မြို့ မြေပြိုမှု သေဆုံးသူ နှစ်လောင်းထပ်တွေ့၊ သေဆုံးသူ ၆၁ ဦးသို့ရောက်
13-Aug-2019

ရန်ကုန်၊ သြဂုတ် ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာ နေရာတွင် ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက အလောင်းနှစ်လောင်းထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့နံနက်ပိုင်း၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ် ၁၀ နာရီ မိနစ် ၂၀ ခန့်နှင် ၂၅ မိခန့်တို့တွင် ရုပ်အလောင်း ၂ လောင်းကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် ယခုဖြစ်စဉ်မှ သေဆုံးသူစုစုပေါင်းမှာ ၆၁ ဦးအထိရောက်ရှိလာခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လတ်တလော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူများ ဆက်လက်ထွက်ပေါ်လာနိုင်သေးကြောင်း ယင်းနေရာတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ထိုသို့အိုးအိမ်များ ပြိုကျပျက်စီးခဲ့ရသူများအတွက် အိမ်ရာများ ပြန်လည်တည်ဆောက်ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှ ယနေ့အထိ ရွာသွန်းနေသည့်မိုးကြောင့် သဲဖြူကုန်းမြေပြိုမှုဖြစ်စဉ်အပြင် မြို့နယ်တိုင်း၌ ရေကြီးရေလျှံမှုများ တွေ့ကြုံနေရပြီးရေးနှင့် ကျိုက်မရောမြို့နယ်တို့ရှိ လူဦးရေ သုံးသောင်းနှစ်ထောင်ကျော်ရေဘေးစခန်းများ၌ ခိုလှုံနေကြရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

S-04